ဦးကိုနီအမှုမှာ သက်သေတဦးကို စစ်ဆေး

  • 24 မတ် 2017
ဓာတ်ပုံ မူပိုင် ShweInnThar KhinMgWin
Image caption လက်နက် ရှာဖွေ သိမ်းဆည်းရမှု အပါအဝင် လက်နက်နဲ့ ဆက်စပ်မှုတွေနဲ့ သက်သေခံဖို့ တရားရုံးက စစ်ဆေးခဲ့

NLD ဥပဒေ အကျိုးဆောင် အဖွဲ့ဝင် ဦးကိုနီ အသတ်ခံရတဲ့အမှုအတွက် တရားလိုအဖြစ် တရားစွဲတဲ့ မင်္ဂလာဒုံမြို့နယ် ရဲစခန်းမှူး ဒုရဲအုပ် မြထွန်းကျော်ကို လက်နက်မှု ဥပဒေနဲ့ ပတ်သက်တဲ့ သက်သေ အဖြစ် ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် တရားရုံးက မတ်လ ၂၄ ရက်နေ့မှာ စစ်ဆေးခဲ့ပါတယ်။

အခုလို စစ်ဆေးရာမှာ လက်နက် ရှာဖွေ သိမ်းဆည်းရမှု အပါအဝင် လက်နက်နဲ့ ဆက်စပ်မှုတွေနဲ့ သက်သေခံဖို့ တရားရုံးက စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ဦးကိုနီဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဦးနေလက ဘီဘီစီကို ပြောပါတယ်။

အခုလို စစ်ဆေးရာမှာ ကျူးလွန်သူ ကြည်လင်း လက်ထဲက တွေ့ရတဲ့ သေနတ် ၂ လက် အပါအဝင် သက်ဆိုင်တဲ့ ကျည်ဆံတွေနဲ့ပဲ ဆက်စပ် စစ်ဆေးခဲ့ပြီး တခြား လက်နက်ထပ် တွေ့မတွေ့ကိစ္စကတော့ ထွက်ဆိုချက်ထဲမှာ မပါဝင်ဘူးလို့ ဦးနေလက ပြောပါတယ်။

လောလောဆယ်မှာတော့ လွတ်မြောက်နေသေးတဲ့ အောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့အတွက် ဖမ်းဝရမ်း ထပ်ထုတ်ပေးဖို့ ကိစ္စကို ခရိုင်အဆင့် အထက် ရန်ကုန်တိုင်းတရားရုံးမှာ တင်ပြပြီးမှ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ဦးနေလဘက်က ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

အခု စစ်ဆေးမှုဟာ ဒီအမှုနဲ့ ပတ်သက်ပြီး တတိယ အကြိမ်မြောက် စစ်ဆေးတာလည်း ဖြစ်ပါတယ်။

ဒီလူသတ်မှုအတွက် အဓိက စစ်ဆေးမှုတွေ ပြုလုပ်ဖို့ကိုတော့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာတော့ လုပ်ဖို့ ရုံးချိန်းခေါ်ထားပြီး သက်သေ အရေအတွက် ၈၀ လောက် အထိ ပါဝင်မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ