လက်ပံတောင်း ကိစ္စ ဆက်လက် အငြင်းပွား

  • 27 မတ် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတောင်း ကိစ္စ ဆက်လက် အငြင်းပွား

လက်ပံတောင်း ကြေးနီ စီမံကိန်း အတွက် ဆားလင်းကြီး မြို့နယ်က ကျောက်ထုတ် လုပ်မှု ကားတွေ ရပ်ပေးဖို့ ဒေသခံ တွေ က ဆန္ဒပြတဲ့ အတွက် တိုးဒေသကြီး အစိုးရ ရပ်ပေးမယ် ဆိုတာ မဟုတ်ဘူး ဆိုပြီး အစိုးရ သတင်းစာတွေ မှာ ဖေါ်ပြ ထား ပါတယ်။

ဆန္ဒပြ သူတွေကို ရဲက သေနတ်နဲ့ ပစ်ခတ် မှုတွေ ရှိခဲ့လို့ ဒေသခံ တွေနဲ့ ရဲတပ်ဖွဲ့ အကြား အပြန် အလှန် တရားစွဲ မှုတွေ လုပ်ဖို့ လည်း ပြင်ဆင် နေကြ ပါတယ်။

ဆားလင်းကြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က တော့ တိုင်း အစိုးရက ရပ် ပေးမယ် လို့ ပြောတာဟာ သတ္တုထုတ် လုပ်မှု အားလုံးကို ပြောတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပြဿနာ တက်နေတဲ့ ကုမ္ပဏီ တွေ အတွက် သယ်ယူတာ တွေ မလုပ်ဖို့ ကိုသာ ပိတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပစ်ခတ်မှု တွေနဲ့ ပတ်သက်ပြီး တရားစွဲတဲ့ အခါ တရားရုံး ကနေ ဆုံးဖြတ် မှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။