မကွေးမြို့ မီးလောင်မှုအတွင်း လူ ၁၅ဦးသေဆုံး

  • 2 ဧပြီ 2017
Image caption မကွေးမြို့ ရွှေမြတ်မင်းသမီး ကာရာအိုကေ ဆိုင်မှာ မီးလောင်

မကွေးမြို့ မြင်သာ ရပ်ကွက် သစ္စာလမ်းနဲ့ ၂၉လမ်းထောင့်မှာ ရှိတဲ့ ရွှေမြတ်မင်းသမီး ကာရာအိုကေဆိုင်မှာ မနေ့ည ၁၀နာရီကျော်ကျော်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၁၁ဦးနဲ့ အမျိုးသမီး ၄ဦး၊ စုစုပေါင်းလူ ၁၅ဦး သေဆုံးခဲ့ပါတယ်။

ကာရာအိုကေ ဆိုင်ရဲ့ မီးဖိုခန်းမှာ ရှိတဲ့ ဂက်စ်အိုး ပေါက်ကွဲရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နာရီဝက်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မကွေးမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

သေဆုံးသွားသူတွေဟာ မီးလောင်ကျွမ်းထားလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

တိုက်ပေါ်ကနေ ခုန်ချ ထွက်ပြေးခဲ့သူ အမျိုးသမီး တဦးကိုတော့ ဒဏ်ရာကြောင့် ဆေးရုံတင်ထားရပြီး အခြေအနေ စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ