ဧပြီ ၆ ရက် သမ္မတကြီးရဲ့ တရုတ် ခရီးစဉ် စတင်မယ်

  • 5 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးမယ်

နိုင်ငံတော် သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ် မနက်ဖြန် ဧပြီလ ၆ ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့ အထိ ကြာမယ့် သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ် အတွင်းမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေး ကူးသန်း ဝန်ကြီး ဒေါက်တာသန်းမြင့်၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုင်ငံခြားရေး ဒုတိယ ဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါသွားမှာ ဖြစ်ပါတယ်။

လိုက်ပါသွားကြတဲ့ ဝန်ကြီးတွေနဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေမှာ နှစ်နိုင်ငံ ပူးပေါင် ဆောင်ရွက်ရေး ဆွေးနွေးကြမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။