ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ပါဝင်ဖို့ လက်မှတ်ထိုး

  • 5 ဧပြီ 2017
Image caption ငြိမ်းချမ်းရေးမှာ စီးပွားရေး လုပ်ငန်းတွေ ပါဝင်မယ်။

ငြိမ်းချမ်းရေး အတွက် စီးပွားရေး လုပ်ငန်းတွေ ပါဝင်ဆောင်ရွက်သွားဖို့ မြန်မာ ကုန်သည် စက်မှု အသင်းချုပ်နဲ့ United Nations Global Compact Network Myanmar တို့ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

စီးပွားရေးတိုးတက်မှ ငြိမ်းချမ်းရေး ရနိုင်မှာဖြစ်သလို ငြိမ်းချမ်းရေး ရမှ စီးပွားရေးတိုးတက်နိုင်မှာ ဖြစ်တဲ့ အတွက် အပြန် အလှန် ဆက်စပ်နေတယ်လို့ ကုန်သည် စက်မှု အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်က ပြောပါတယ်။

လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတွေအတွက် စားဝတ်နေရေး ပြေလည်မှ ငြိမ်းချမ်းရေး ရနိုင်မယ်လို့ ဒေါက်တာ မျိုးသက်က ပြောပါတယ်။

လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ သူတို့ ပြည်နယ်တွေမှာ ဘယ်လို သယံဇာတတွေ ဖော်ထုတ်နိုင်မယ် ဘယ်လို စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်မယ်ဆိုတာကို ကုန်သည်စက်မှု အသင်းချုပ်က အကြံပေး ကူညီမယ်လို့ ဆိုပါတယ်။

ကုန်သည် စက်မှု အသင်းချုပ် အနေနဲ့ တတ်နိုင်သမျှ ကာယအား၊ ဉာဏအား၊ ဓနအားတွေနဲ့ ကူညီဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။