ရှမ်းတပ်မတော် တောင်ပိုင်း နဲ့ တိုက်ပွဲတွေ ဖြစ်ပြန်

  • 6 ဧပြီ 2017
Image caption နယ်မြေ သတ်မှတ် မှု နဲ့ ပတ်သက်လို့ နှစ်ဘက် အဖွဲ့ အကြားမှာ တိတိကျကျ သဘောတူညီမှုတွေ မရှိသေး

အပစ်အခတ် ရပ်စဲရေး NCA လက်မှတ် ရေးထိုး ထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS SSA နဲ့ အစိုးရ တပ်မတော် တို့ အကြား မှာ တိုက်ပွဲတွေဖြစ်ပွား ခဲ့ပါတယ်။

ဒါပါနဲ့ ဆို တစ်ပတ် အတွင်းမှာ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွား ခဲ့တာပါ။ အထိအခိုက် အကျအဆုံး စာရင်း ကိုတော့ နှစ်ဘက် စလုံး က ထုတ်ပြန်ခြင်း မရှီပါဘူး။

ဧပြီလ ၅ ရက်နေ့ တုန်း က ပင်လုံ မြို့ ဆယ်မိုင်အကွာမှာ တပ်မတော် နဲ့ နာရီဝက် ကျော်ခန့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း RCSS/SSA ပြောခွင့် ရ ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း က ဘီဘီစီ ကို ပြောပါတယ်။

RCSS ထိန်းချုပ်နယ်မြေထဲကို တပ်မတော် ဘက်က အကြောင်းမကြားဘဲ ဝင်ရောက် လာတဲ့ အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ရတာ ဖြစ်ကြောင်း RCSS ဘက် က ပြောပါတယ်။

အပစ်ရပ် လက်မှတ် ရေးထိုး ထားပြီး ဖြစ်ပေမယ့် နယ်မြေ သတ်မှတ် မှု နဲ့ ပတ်သက်လို့ နှစ်ဘက် အဖွဲ့ အကြားမှာ တိတိကျကျ သဘောတူညီမှုတွေ မရှိသေးတဲ့ အတွက် အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ RCSS ဘက်က သုံးသပ်ပါတယ်။

ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေး လုပ်ငန်း ပိုင်မှာ အားနည်းမှုတွေ ရှိနေ သလား ဆိုပြီးတော့လည်း RCSS ဘက်က သံသယ ရှိနေတယ်လို့ ဆိုပါတယ်။

NCA ထိုးပြီးသား အဖွဲ့ နဲ့ အခုလို ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့တဲ့ အပေါ်မှာ ငြိမ်းချမ်းရေး လုပ်ငန်း တွေကို ထိခိုက်မှု ရှိလာမှာ ကိုလည်း စိုးရိမ် ပူပန် မိကြောင်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း က ပြောပါတယ်။

အခု တိုက်ပွဲ တွေ ကြောင် NCA မထိုး ရသေးတဲ့ အဖွဲ့တွေဆီမှာလည်း စိုးရိမ် ပူပန် မှုတွေ ဖြစ်ပေါ် လာနိုင်ကြောင်း RCSS/SSA အဖွဲ့က သုံးသပ် ထားပါတယ်။