ကေအင်ယူရဲ့ ခေါင်းဆောင်သစ် အလားအလာ

  • 7 ဧပြီ 2017
Image caption ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး နဲ့ ဖဒိုနော်စီပိုးရာစိန်

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ)ရဲ့ ၁၆ ကြိမ်မြောက် ကွန်ဂရက်ကနေ ဗဟိုကော်မတီ၀င်တွေကို ရွေးချယ်လိုက်ပါပြီ။

ဗဟိုကော်မတီ၀င် ရွေးကောက်ပွဲရလဒ်မှာ လက်ရှိဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ ဗဒိုကွယ်ထူး၀င်း ဗိုလ်မှူးရောဂျာခင်၊ ဗဒိုသာ့ဒိုမူး၊ ဗဒိုစောအောင်၀င်းရွှေနဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကို ထောက် ခံသူအများစုကအရွေးခံကြရပါ။

ဒါကြောင့် ပြီးခဲ့တဲ့သက်တမ်းမှာ ဥက္ကဌအဖြစ် တာ၀န်ယူခဲ့တဲ့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးပဲ ဥက္ကဌအသစ်အဖြစ် ပြန်အရွေးခံရဖို့ အလားအလာများနေပါတယ်။

ကေအင်ယူ ဒုတိယဥက္ကဌဟောင်း ဗဒိုနော်စီဖိုးရာစိန်၊ ဗဒိုသောသီဘွဲ၊ ဗဒိုမန်းမန်း ဗဒိုဒေးဗစ်သာကပေါနဲ့ ဗဒိုနော်စီဖိုးရာစိန်ကို ထောက်ခံသူ အတော်များများက အရွေးမခံရဘူးလို့ သိရပါတယ်။

ကေအင်ယူမှာ ဗဟိုကော်မတီ၀င် ၅၅ ဦး ရှိပါတယ်။ ကေအင်ယူရဲ့ တပ်မဟာ ၇ ခုက တပ်မဟာမှူး ၇ ဦးနဲ့ ခရိုင်ဥက္ကဌ ၇ ဦး စုစုပေါင်း ၁၄ ဦဟာ အလိုအလျှောက်ဗဟိုကော်မတီဝင် တွေဖြစ်ကြပါတယ်။

ဒါကြောင့် အရင်နေ့က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်း ၆၀ ထဲက ၄၁ ဦးကို သောကြာနေ့က ရွေးချယ်ရာမှာ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ သူ့ကိုထောက်ခံသူအများစုက အရွေးခံရတာ ဖြစ်ပါတယ်။

စနေနေ့မှာတော့ ကေအင်ယူရဲ့ကြီး ၅ ကြီးလို့ခေါ်တဲ့ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး ချုပ်နဲ့ တွဲဘက်အတွင်းရေးမှူး ၁ နဲ့ ၂ တို့ကို ဗဟိုကော်မတီ၀င် ၅၅ ဦးက ရွေးချယ်မှာ ဖြစ်ပါတယ်။