ထိုင်းမြန်မာ ပူးတွဲ ကင်းလှည့်မယ်

  • 10 ဧပြီ 2017
Image caption တပ်မတော် အစိုးရ လက်ထက် ကတည်းက နှစ်နိုင်ငံ နယ်စပ် မှာ ပူးတွဲ ကင်းလှည့် ချင်ကြတာပါ

မြန်မာ မြို့နယ် အဆင့် နယ်ခြား ကော်မီတီ ရဲ့ ၃၇ ကြိမ်မြောက် အစည်း အဝေး ကနေ နယ်စပ်မှာ နှစ်နိုင်ငံ စစ်တပ် ပူးတွဲ ကင်းလှည့် ဖို့ ဆုံးဖြတ် ခဲ့ကြ ပါတယ်။

ဒါ့အပြင် အစည်း အဝေးမှာ မဲဆောက် မြ၀တီ နှစ်ဘက် နယ်ခြား ကော်မီတီတွေက ကုန်းလမ်း ရေလမ်းနဲ့ နှစ်နိုင်ငံ ကုန်စည် တွေ ကို အပြန် အလှန် တင်ပို့တဲ့ ကိစ္စ ၊ အခုလို ခြောက်သွေ့ ရာသီမှာ တောမီး လောင်လို့ နယ်စပ် မှာ မြူမှုန် တွေ ပြန့်နှံ့ ရတဲ့ ကိစ္စ တွေကိုလည်း ဆွေးနွေးခဲ့ ကြပါတယ်။

ပူးတွဲ ကင်းလှည့်ရေး နဲ့ ပတ်သက်ပြီး ထိုင်းဘက် နယ်ခြား ကော်မီတီ ဥက္ကဌ ဗိုလ်မှူးကြီး ကစ်တီဖုန် ချင့်ကျိုင်ချွန် က ကြိုတင် ကာကွယ်တဲ့ အနေနဲ့ ဆောင်ရွက်ဖို့ ဆွေးနွေး ကြပါတယ်လို့ ပြောသွား ပါတယ်။

နယ်စပ် လုံခြုံရေးနဲ့ ပတ်သက် ပြီးတော့ အရင် အစိုးရတွေ လက်ထက် ကတည်းက နှစ်နိုင်ငံ နယ်စပ်မှာ ပူးတွဲ ကင်းလှည့် ချင် ကြတာပါ။

ဒါပေမဲ့ အရင်အဲဒီတုန်းက အခြေ အနေ အရ လက်တွေ့ မဆောင်ရွက် နိုင်ခဲ့ကြပေမယ့် အခုတော့ ငြိမ်းချမ်းရေး လက္ခဏာ တွေ့နေ ရပြီ မို့လို့၊ နယ်မြေ အေးချမ်း သာယာရေးနဲ့ ဖွံ့ဖြိုးရေး အတွက် ပူးတွဲ ကင်းလှည့်ဖို့ ဖြစ်လာတာပါ။

အဲဒီလို ပူးတွဲ ကင်းလှည့် တာကို နှစ်ပေါင်း များစွာ စစ်ကြောင်းတွေ၊ တိုက်ပွဲ တွေနဲ့ ကြုံတွေ့ခဲ့ ရတဲ့ ဒေသခံ လူထု တွေက နှစ်သက်ကြ မှာလား ဆိုတာ မေးခွန်း ထုတ်စရာပါ။

နှစ်နိုင်ငံ စစ်တပ်တွေ ပူးတွဲ ကင်းလှည့် ရာမှာ ဆက်သွယ်ရေး အတွက်၊ ဘာသာ စကား၊ ဒေသခံ လူထုတွေ ရဲ့ ဓလေ့ ထုံးစံ၊ စတာတွေ ကြောင့် တကယ်တမ်း အကောင် အထည် ဖေါ်ဆောင်ရွက်ဖို့က အချိန် အတော်ကြာ ယူရဦး မယ်လို့ နယ်စပ် အရေး လေ့လာ သူတွေက သုံးသပ်ကြ ပါတယ်။