၀ဆက်ဆံရေးရုံး အရှာခံရတာနဲ့ ပတ်သက်လို့ ဝတပ်ဖွဲ့ ကြေညာချက်ထုတ်

  • 11 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဝတပ်ဖွဲ့နဲ့ အစိုးရကြား တင်းမာမှုတွေ ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

လားရှိုး မြို့က UWSA ဝ အဖွဲ့ရဲ့ ဆက်ဆံရေး ရုံး ကို တာဝန်ခံ မရှိတုန်း မှာ ရဲတပ်ဖွဲ့ က ဝင်ရောက် ရှာဖွေ မှုတွေ လုပ်ခဲ့တဲ့ အတွက် တောင်းပန်ဖို့နဲ့ မတောင်းပန်ရင် လိုအပ်တဲ့ ဘယ်လို တုံ့ပြန်မှုမျိုးကိုမဆို လုပ်သွားမယ်လို့ ဝတပ်ဖွဲ့က အစိုးရထံ လိပ်မူတဲ့ ကြေညာချက်တခုကို မနေ့ညက ထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၇ရက်နေ့တုန်းက တောင်ကြီးမြို့မှာ သေနတ်ပစ်ဖောက်မှု ကျူးလွန်ခဲ့သူတဦးက သူ့ကိုသူ ဝတပ်ဖွဲ့ကလို့ ပြောခဲ့တဲ့အတွက် အဲဒီအမှုနဲ့ ပတ်သက်လို့ ဧပြီလ ၈ရက်နေ့ ညနေပိုင်းမှာ လားရှိုးမြို့မှာ ရှိတဲ့ ဝအဖွဲ့ရဲ့ ဆက်ဆံရေးရုံးကို ဝင်ရောက် ရှာဖွေ ခဲ့တာ ဖြစ်ပါတယ်။

UWSA ဝတပ်ဖွဲ့အနေနဲ့ မကြာသေးခင်ကလည်း ပန်ခန်း ညီလာခံ ကျင်းပပြီး NCA အပစ်ရပ် လမ်းကြောင်းအပြင်ဘက်ကနေ ငြိမ်းချမ်းရေး ကြိုးပမ်းမယ်လို့ ထုတ်ဖော် ကြေညာထားပါတယ်။

အခုထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အစိုးရဘက်က တစုံတရာ တုံ့ပြန် ပြောဆိုတာမျိုး မရှိသေးပါဘူး။

၀တပ်ဖွဲ့ရဲ့ ဒီထုတ်ပြန်ချက်ကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ဖြစ်လာမှာကို စိုးရိမ် ပူပန်နေကြပြီး နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်သွားဖို့ လိုလားနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ