ရက္ခိုင့်တပ်မတော် ဖလား ဘောလုံးပွဲ ဦးစီး ကျင်းပတဲ့ ဆရာတော်နဲ့ နောက်လူတဦး အဖမ်းခံရ

  • 11 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Narinjara
Image caption မြောက်ဦးမြို့မှာ AA CUP ဖလားဘောလုံးပွဲကို မြတန်ဆောင်း ဆရာတော်က ဦးစီးကျင်းပပေးခဲ့

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့် တပ်မတော် ဖလား ဘောလုံးပွဲ ကျင်းပတဲ့အတွက် ဆိုပြီး မြတန်ဆောင်း ဆရာတော်နဲ့ ဦးခိုင်နီမင်း ဆိုသူ နောက်လူပုဂ္ဂိုလ် တဦးတို့ကို ဧပြီလ ၁၀ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

ရက္ခိုင်တပ်မတော် AA ကို ကချင်လွတ်မြောက်ရေး အဖွဲ့ KIO နယ်မြေ မှာ ၂၀၀၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ တည်ထောင်ခဲ့တာ ဖြစ်ပြီး အဲဒီ အဖွဲ့ တည်ထောင်တဲ့ အထိမ်းအမှတ်အနေနဲ့ မြောက်ဦးမြို့မှာ ဘော်လုံးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

မြတန်ဆောင်း ဆရာတော်နဲ့ ဦးခိုင်နီမင်းတို့ကို မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂)တို့နဲ့ တရားစွဲဆိုထားပြီး စစ်တွေ ထောင်ကို ပို့ဆောင်လိုက်ပါတယ်။

မြတန်ဆောင်း ဆရာတော်ကိုလည်း အခုအခါ လူဝတ်လဲလိုက်ပြီလို့ သိရပါတယ်။