ရန်ကုန်က ဥပဒေအဖွဲ့ကို လန်ဒန်က ဂုဏ်ပြုဆုပေး

  • 15 ဧပြီ 2017
Image caption လန်ဒန် ဆရာတော် ဦးဥတ္တရ

ရန်ကုန်မြို့ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြုကျောင်းရဲ့ ဥပဒေ အထောက်အကူပြု အဖွဲ့ကို "တရားမျှတမှု စွမ်းဆောင်ရည်ဆု" ဆိုပြီး လန်ဒန်မှာ ရှိတဲ့ သာသနာ့ရံသီဝိဟာရ ဗုဒ္ဓဘာသာ စင်တာကနေ ပေးအပ်ခဲ့ပါတယ်။

ဥပဒေစိုးမိုးမှုနဲ့ တရားမျှတရေးတို့ကို အခြေခံပြီး လူမျိုး ဘာသာမရွေး အတွက် အများပြည်သူဘက်က ရပ်တည်ပေးတဲ့ အဖွဲ့ဖြစ်လို့ အခုလို ဂုဏ်ပြုရတာ ဖြစ်တယ်ဆိုပြီး လန်ဒန် ဆရာတော်လို့ အသိများကြတဲ့ ဆရာတော် ဦးဥတ္တရက ဘီဘီစီကို မိန့်ပါတယ်။

လန်ဒန်မြိုက မြန်မာ အသိုင်းအဝိုင်းနဲ့ မိတ်ဆွေတွေ စုပေါင်းလို့ သင်္ကြန် အခါတော် အထိမ်းအမှတ် ဧပြီလ ၁၅ ရက်နေ့တုန်းက စုဝေးခဲ့ကြတဲ့ ပွဲမှာ ဒီဆုကို တခါတည်း ကြေညာ ခဲ့တာ ဖြစ်ပါတယ်။

သာသနာ့ရံသီ ဝိဟာရ အသင်း အနေနဲ့ မြန်မာပြည်တွင်းက အများအကျိုး ဆောင်ရွက်သူတွေကို အခုလို နှစ်စဉ် ဂုဏ်ထူးဆောင် ဆုတွေ ချီးမြှင့် လေ့ရှိပါတယ်။