မာန်အောင်မှာ မုန်တိုင်းကြောင့် တဦးသေ

  • 19 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Narinjara
Image caption မာန်အောင်မြို့နယ်မှာ အိမ်အများအပြား ပျက်စီး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် အတွင်း မာရသာ မုန်တိုင်းကြောင့် အပျက်အစီးများခဲ့သလို လူတဦးလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မာရသာ ဆိုင်ကလုန်မုန်တိုင်းဒဏ်ကို ရခိုင်ပြည်နယ် အတွင်း အဓိက ခံခဲ့ရတာက မာန်အောင်မြို့နယ် ဖြစ်ပြီး ကအီရွာမှာဆိုရင် အသက်အရွယ်ကြီးရင့်နေသူ တဦး အအေးလွန်ကဲပြီး သေဆုံးသွားခဲ့ပါတယ်။

အိမ်နှစ်ဆယ်ခန့် ဟာလည်း ခေါင်မိုးတွေလန်ပြီး ပျက်စီးသွားခဲ့ရတယ်လို့ သိရပါတယ်။

အကူအညီမရသေး

ပင်လယ်ကမ်းနားမှာ တည်ရှိတဲ့ မာန်အောင်မြို့နယ်က ဇီးတော ကျေးရွာက အပျက်အစီး အများဆုံးဖြစ်ပါတယ်။

မုန်တိုင်းတိုက်တာ ပြင်းထန်တဲ့ အတွက် ရွာသားတွေက ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံခဲ့ရတယ်လို့ လည်း ဇီးတောရွာသူ ဒေါ်စန္ဒာဝင်းက ပြောပါတယ်။

အိမ်ခေါင်မိုး ပျက်စီးသွားတဲ့ အိမ်တွေ အကူအညီ မရဘဲ လုံး၀ ပြိုပျက်သွားတဲ့ အိမ် တအိမ်ကိုတော့ ဒီကနေ့မှာ အစိုးရက မြို့ကို ခေါ်ယူပြီး ထောက်ပံ့ကြေး ပေးအပ်ခဲ့တယ်လို့ ပြောပါတယ်။

မာန်အောင်မြို့နယ်ဟာ မုန်တိုင်းဒဏ်ကို အဓိက ခံခဲ့ရတဲ့ မြို့နယ် ဖြစ်ပြီး အိမ်အများအပြား ပျက်စီးသွားတဲ့ အတွက် ဆင်းရဲတဲ့ မိသားစုတွေကတော့ အိမ်တွေ ပြန်ပြင်ရာမှာ ငွေကြေး မလုံလောက်တဲ့ အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့လဲ သိရှိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ