နိုင်ကျဉ်းတွေအမှု ပြန်သုံးသပ်ဖို့ လူ့အခွင့်အရေး ၂၂ ဖွဲ့ တောင်းဆို

  • 20 ဧပြီ 2017
Image caption အင်းစ်န်ထောင်

မြန်မာ နိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေရဲ့ အမှုတွေကို ပြန်လည် သုံးသပ်ဖို့နဲ့ သူတို့ကို ဖမ်းဆီး နေတဲ့ ဥပဒေ တွေကို ပြင်ဆင် ဖို့ ဒါမှ မဟုတ် ဖျက်သိမ်းဖို့ ပြည်တွင်းပြည်ပ လူ့အခွင့် အရေး အဖွဲ့ ၂၂ ဖွဲ့က တောင်းဆိုလိုက် ပါတယ်။

အစိုးရနဲ့ တပ်မတော်ပိုင်းက မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိဘူးလို့ ပြောနေပြီး နိုင်ငံအတော်များများ ကလည်း မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိတော့ဘူးလို့ လက်ခံ ထားကြပေမဲ့ မြန်မာ နိုင်ငံ တဝန်း အကျဉ်းထောင်တွေ ထဲမှာ နိုင်ငံရေး အကျဉ်းသား ၁၈၀ နီးပါး ရှိနေတယ်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း မြန်မာ နိုင်ငံက ပြောပါတယ်။

ပြင်ဆင်ဖို့ လိုနေတဲ့ ဥပဒေတွေထဲမှာ ဆက်သွယ်ရေး ပုဒ်မ ၆၆ ဃ၊ မူးယစ်ဆေးဝါး ဥပဒေနဲ့ မတရားသင်း ဥပဒေတွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်တဲ့ အချိန်အထိ ထောင်အင်္ကျီအရောင် အပြာရောင်ကို ဝတ်မယ်ဆိုပြီး ကွယ်လွန်ချိန်အထိ ဝတ်သွားခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဧပြီလ ၂၁ ရက်မှာ ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ အပြာရောင် အင်္ကျီဝတ်ဆင်တဲ့ လှုပ်ရှားမှု တစ်ခု လုပ်ဖို့ ရှိပါတယ်။

ဦးဝင်တင် ကွယ်လွန်တဲ့ သုံးနှစ်ပြည့် နှစ်ပတ်လည် နေ့နဲ့ တိုက်ဆိုင်ပြီး အဲဒီလှုပ်ရှားမှု လုပ်ဖို့ စီစဉ်တာဖြစ်ပါတယ်။