အင်္ဂလန်၊ ဘယ်လ်ဂျီယမ်နဲ့ အီတလီကို ၂ ပတ်ကြာ သွားရောက်မယ်

  • 20 ဧပြီ 2017
Image caption ဥရောပနဲ့ တရုတ်ခရီးစဉ်တွေ ရှိနေ

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ၃ နိုင်ငံ ခရီးစဉ် အခု ဧပြီလ အကုန်ကနေ မေလလယ် အထိ ရှိနေပါတယ်။

အင်္ဂလန်၊ အီတလီနဲ့ ဘယ်လ်ဂျီယမ် နိုင်ငံတွေကို ချစ်ကြည်ရေး ခရီး သွားရောက်မှာ ဖြစ်ပြီး၊ ပြင်သစ်ကို ဖြတ်သွားမှာ ဖြစ်ပါတယ်။

အစိုးရ အဖွဲ့ဝင် ဝန်ကြီး တချို့လည်း လိုက်ပါမယ့် အဲဒီ ခရီးစဉ်မှာ ဥရောပ နိုင်ငံတွေနဲ့ကြား ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးသွားဖို့ ရှိပြီး အသေးစိတ် အစီအစဉ်တွေ နောက်ပိုင်း ထုတ်ပြန်ပေးမယ်လို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်က ပြန်လာအပြီးမှာလည်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ မေလထဲ ကျင်းပမယ့် One Belt, One Road ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖော်ဆောင်မယ့် စီမံကိန်း အပေါ် ဆွေးနွေးကြမယ့် ထိပ်သီး ညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။