ဉီးကိုနီအမှု နေပြည်တော်မှာ ဝရမ်းထုတ်ပေးဖို့ တောင်းဆိုထား

  • 21 ဧပြီ 2017
Image caption ဆေးဥယျာဉ် နား ကို ရှာဖွေဖို့ ဝရမ်း မထုတ် ခဲ့တာကိုလည်း ထုတ်ပေးဖို့ တောင်းဆို ထား

ရှေ့နေ ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်သူတွေကိုရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဧပြီလ ၂၁ ရက်နေ့မှာ ထပ်မံ ရုံးထုတ်ခဲ့ပါတယ်။

ဒီကနေ့စစ်ဆေးရာမှာတော့ လက်နက်မှု မှာ တရားလိုပြ သက်သေ ကို စစ်ဆေးခဲ့ပြီး ဧပြီလ ၂၈ရက်နေ့ကို ထပ်မံချိန်းဆို ခဲ့တယ်လို့ သိရပါတယ်။

ဦးကိုနီ ရဲ့ အမှုကို လုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးနေလ က ရာဇဝတ်ဆိုင်ရာ ပြင်ဆင်မှု အနေနဲ့ ရန်ကုန်တိုင်း တရားရုံးကို လျှောက်ထား ထားတာလည်း ရှိပါတယ်။

အဲဒါ တွေကတော့ တရားခံ အောင်ဝင်းခိုင် ကို မူလ ထုတ်ထားတဲ့ ဝရမ်း ထဲက မူရင်း လိပ်စာ အပြင် ထွက်ပြေး လွတ်မြောက်သွားတဲ့ နေပြည်တော်မှာပါ ရှာဖွေ ဖမ်းဆီး ဖို့ ရှေ့နေ့ ဖြစ်သူက လျှောက်ထား ခဲ့တာတာပါ။

တရားရုံးက တရားခံပြေး ကို စတင် စစ်ဆေးတဲ့ နေရာမှာ ရာဇဝတ် ကျင့်ထုံး ၅၀၂ အရ စစ်ဆေး တဲ့ အခါမှာလည်း လိုအပ်ချက်တွေ ရှိနေတာတွေကိုလည်း ပြင်ဆင် ပေးဖို့ လျှောက်ထားခဲ့တယ်လို့ ဦးနေလ က ဆိုပါတယ်။

အမှုစစ်ဆေးစဉ်မှာ ပေါ်ပေါက်ချက် အရ တရားခံ အောင်ဝင်းခိုင် ပျောက်ဆုံး သွားတဲ့ ဆေးဥယျာဉ် နား ကို ရှာဖွေဖို့ ဝရမ်း မထုတ် ခဲ့တာကိုလည်း ထုတ်ပေးဖို့ တောင်းဆို ထားပါတယ်။

နောက်ပြီး လိုအပ်တဲ့ သက်သေ အထောက်အထားတွေကို တရားရုံးမှာ ရဲတပ်ဖွဲက တင်သွင်းဖို့ အတွက် တောင်းဆို ထားတယ်လို့ ဦးနေလ က ပြောကြား ခဲ့ပါတယ်။