ရှမ်းညီလာခံမှာ လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လို

  • 23 ဧပြီ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption စာတမ်းတွေကို ထိုင်နားထောင်ရုံ သက်သက်သာ ဖြစ်နေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းက ထောက်ပြ

'ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ' မှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေဘက်က စာတမ်းဖတ်ရုံထက် မေးခွန်းမေးမြန်းတာ၊ ဆွေးနွေးတာမျိုးတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ တက်ရောက်နေတဲ့ အရပ်ဖက် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ဧပြီလ ၂၃ ရက်က စပြီး သုံးရက်တာ ကျင်းပနေတဲ့ ဒီအစည်းအဝေး ဖွင့်ပွဲနေ့မှာ ကိုယ်စားလှယ်အသီးသီးကနေ စာတမ်းပေါင်း ၃၀ နီးပါး ဖတ်ကြားခဲ့ပြီး အပြန်အလှန် ဆွေးနွေးတာမျိုးတွေတော့ မပါဘူးလို့ ရှမ်းပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ကွန်ရက်က အတွင်းရေးမှူး ဦးစောရေမွန်က ပြောပါတယ်။

တက်ရောက်ကြတဲ့အထဲမှာ အစိုးရကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ စာပေနဲ့ယဉ်ကျေးမှုအဖွဲ့တွေ၊ ရှမ်းပြည်နယ်အတွင်းက အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ့နဲ့ အရပ်ဖက်လူမှုအဖွဲအစည်းတွေ ပါဝင်ပြီး စုစုပေါင်း စာတမ်း ၇၀ လောက် ဖတ်ကြမယ်လို့ သိရပါတယ်။

ဒီညီလာခံကြီးကို မကျင်းပခင် ရက်ပိုင်းအလိုကျမှ ဖိတ်စာပို့တာမျိုးက အလျင်စလိုနိုင်လွန်းတယ်လို့ ဝေဖန်မှုတွေ ရှိသလို တချို့ကလည်း ရှမ်းပြည်နယ်တွင်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်ဖို့ လိုတယ်လို့လည်း ထောက်ပြကြပါတယ်။

ဒီအစည်းအဝေးဟာဆိုရင် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ မှာ တင်သွင်းဖို့အတွက် ရေးဆွဲထားပြီးသား စာတမ်းတစ်ချို့ကို အမြန်အတည်ပြုနိုင်ဖို့ အစိုးရဘက်က ကြိုးပမ်းမှုတစ်ရပ်လို့ မြင်ကြောင်း ဦးစောရေမွန်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ