NCA ဟာ လက်နက်ချခိုင်းတာ မဟုတ်

  • 24 ဧပြီ 2017
ဓာတ်ပုံ မူပိုင် EPA
Image caption JICM အဖွဲ့ဆိုတာ NCA စာချုပ်ကို အကောင် အထည်ဖော်တဲ့ အခါ အခက် အခဲတွေ ရှိလာရင် ဖြေရှင်း ဆုံးဖြတ် ပေးတဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ဖြစ်ပါတယ်

နေပြည်တော်မှာ ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင် အထည် ဖော်မှု ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM)မှာ တပ်မတော် ဒုတိယ ကာကွယ်ရေး ဉီးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက NCA ဟာ လက်နက် ချခိုင်း တာ မဟုတ်ဘူးလို့ ပြောကြားသွားပါတယ်။

ဒါပေမဲ့လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက NCA စာချုပ်မှာ ပါတဲ့ စကားလုံး တွေကို ပြောင်းလဲ ပြင်ဆင် တာကို တော့ လက်မခံ နိုင်တဲ့ အကြောင်း လည်း ပြောဆို သွားခဲ့ ပါတယ်။

အစည်း အဝေးကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အစည်းအဝေး ကနေ အချက် ၈ ချက်ကို သဘော တူခဲ့တယ်လို့ အစိုးရဘက် ကပြောပါတယ်

ဒီ JICM အဖွဲ့ဆိုတာ NCA စာချုပ်ကို အကောင်အထည် ဖော်တဲ့ အပိုင်းမှာ အခက် အခဲတွေ ရှိလာရင်း ဖြေရှင်း ဆုံးဖြတ် ပေးတဲ့ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ ဖြစ်ပါတယ်။

အခုလို အစည်းအဝေး မျိုးမှာ တပ်မတော် ဘက်က ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် တက်လာတဲ့ အတွက်လည်း တပ်နဲ့ဆိုင်တဲ့ ကိစ္စတွေမှာ လည်း သဘောတူနိုင်ခဲ့ ပါတယ်။

ဒါ့အပြင် JMCs လိုခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မူ့ပူးတွဲစောင့်ကြည့်ရေး ကော်မတီ မဖွဲ့ နိုင်တဲ့ ဒေသတွေမှာ ဖွဲ့ဖို့ ထာရ၀ ငြိမ်းချမ်းရေး မရခင် ကြားကာလမှာ ဆောင်ရွက်မယ့် လုပ်ငန်းတွေ အတွက် နှစ်ဖက် ညှိနှိုင်းမယ့် အဖွဲ့ ဖွဲ့ဖို့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးထားတဲ့ နယ်မြေတွေမှာ ဖွံဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ သဘော တူခဲ့ ပါတယ်။

အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့နဲ့ နယ်မြေ တ်မှတ်ဖို့ RCSS/SSA နဲ့ တပ်မတော်ကြား ညှိနှိုင်း မရဖြစ် နေတာ ဖြစ်ပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစည်း အဝေးမှာ တော့ အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်ပေးပါ့မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ရရှိ ခဲ့တယ်လို့ RCSS/SSA ရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူးကြီးစိုင်းလှ ကပြောပါတယ်။

ဒီအစည်းအဝေးကနေ ယုံကြည်မူ တည်ဆောက်ရေး အပိုင်းမှာ အတိုင်း အတာ တစ်ခုထိ တိုးတက် လာတယ် လို့ ဒေါ်ဆောင်ဆန်းစုကြည်က အစည်း အဝေး ပြီးမှာ ပြောသွားခဲ့ပါတယ်။

လက်ရှိမှာတော့ NCA စာချုပ်ပါ အချက်တွေကို အကောင် အထည်ဖော်တဲ့ အပိုင်းမှာ အခက်အခဲတွေ ရှိနေ တဲ့ အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ နောက်ပြန် ဆုတ်သွားတဲ့ သဘောမျိုး ဖြစ်လာခဲ့ပါတယ်။

ဒီလို အခြေ အနေ ကနေ အစည်း အဝေးမှာ အခက်အခဲ အချို့ကို သဘောတူနိုင် ခဲ့တဲ့ ရှေ့ဆက်ဖို့ အတွက် အလား အလာ ကောင်းသွား တယ်လို့ အစည်းအဝေး တက်ရောက် ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင် တချို့ ကပြောကြပါတယ်။