ခမီအမျိုးသားနေ့ ရခိုင်မှာလုပ်

  • 27 ဧပြီ 2017
ဓာတ်ပုံ မူပိုင် Development Media Group
Image caption လူနည်းစု ခမီတွေမှာ ရိုးရာတွေ မပျောက်ဖို့ အရေးကြီး

ရခိုင်ပြည်နယ်က ခမီအမျိုးသားတွေရဲ့ (၇)ကြိမ်မြောက် အမျိုးသားနေ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့မှာ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်းက ခမီ အမျိုးသားဆိုတာကတော့ လက်ရှိ သတ်မှတ်ထားတဲ့ မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစု ၁၃၅ မျိုးထဲက တမျိုး ဖြစ်ပြီး လူဦးရေ အားဖြင် တသိန်းခန့်ရှိကာ အများစုက ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ လူမျိုး တမျိုး ဖြစ်ကြပါတယ်။ ဧပြီ ၂၇ ရက်နေ့ဟာ ခမီးအမျိုးသားနေ့ ဖြစ်တဲ့ အတွက် ဒီပွဲတော်ကို ဘူးသီးတောင်မြို့မှာ အထူး စည်းကား သိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

ခမီတွေရဲ့ လူဦးရေဟာ တဖြည်းဖြည်း အလွန်နည်းလာပြီး စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အရ အနာဂတ်မှာ ခမီလူမျိုးဆိုတာ ပျောက်ပျက်သွားနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ်။ ဒါတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ရည်ရွယ်ချက်တွေနဲ့ ဒီ ခုနစ်ကြိမ် မြောက် ခမီ အမျိုးသားနေ့ကို ကျင်း ပကြတာဖြစ်ပါတယ်။

ခမီအမျိုးသားတွေဟာ ရခိုင်ပြည်နယ်ထဲ လူမျိုးငယ် အစုအဖွဲ့ တခု ဖြစ်တာကြောင့်သူတို့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံစံတွေကို ထိန်းသိမ်းဖို့ လိုအပ်နေသလို ရှင်သန်ရပ်တည်ရေးကိုလည်း အစိုးရအပါအဝင် အားလုံး က ဝိုင်းဝန်းကူညီ ဆောင်ရွက်ကြဖို့ လိုအပ်နေပါတယ် ။