မြဝတီအနီးကားချောက်ထဲကျ လူ ၁၉ ယောက်သေဆုံး

  • 28 ဧပြီ 2017
Image caption မြဝတီ အနီး ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁၉ ယောက်သေဆုံး

တောင်ငူ၊ မြဝတီပြေးတဲ့ မော်တော်ကားတစီး မြဝတီအနီးမှာ ချောက်ထဲထိုးကျပြီး လူ ၁၉ ယောက်သေဆုံးခဲ့ပါတယ်။

တောင်ငူ၊ မြဝတီပြေးဆွဲတဲ့ ကပေါ်ထူးယာဉ်လိုင်းက လွင်ဒေါန ဘတ်စ်ကားဟာ မြဝတီရောက်ဖို့ ၁၃ မိုင်လောက် အလိုမှာ တောင်စောင်းချောက်ထဲထိုးကျခဲ့တာ ဖြစ်ပါတယ်။ ချောက်ကမ်းပါးဟာ ပေ ၁၅၀ ကျော် နက်ပါတယ်။

ကားမောင်းသူ၊ ယာဉ်နောက်လိုက် အပါအဝင် အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁၁ ယောက် စုစုပေါင်း ၁၉ ယောက်သေဆုံးခဲ့ပါတယ်။ နောက်ထပ် တခြား ၂၁ ယောက်လည်း ဒဏ်ရာရခဲ့လို့ ဆေးရုံမှာ အတွင်းလူနာတွေ အဖြစ်ဆေးကုသမှုခံယူ နေရပါတယ်။ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူ ၆ ယောက်ကိုတော့ မဲဆောက်ဆေးရုံကိုပို့ထားပါတယ်။

ကားဟာ ကုန်းအတက်ကို အရှိန်နဲ့ မောင်းတက်လာပြီး အဆင်းကို ကွေ့ အဆင်းမှာ အရှိန်မထိန်းနိုင်ပဲ ကားဟာ ကွေ့ရမယ့်အစား ရှေ့တည့်တည့်ကို ဆက်ထိုးကျသွားခဲ့တဲ့ အတွက် ပေ ၁၅၀ ကျော်နက်တဲ့ ချောက်ထဲကို ထိုးကျသွားတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ