ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့မှာ ယာဘဆေးပြား သန်းချီ ဖမ်းမိ

  • 28 ဧပြီ 2017
Image caption ကွမ်းခြံ တစ်ခုထဲ ဘင်္ဂလားဒေ့ရှ် ရဲတွေ ဝင်ရောက် စီးနင်း

ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်ခြမ်းက နယ်စပ်မြို့ တက်ခ်နက်ဖ် Teknaf မှာ ဧပြီ ၂၈ ရက် မနေ့က ယာဘ မူးယစ် စိတ်ကြွ ဆေးပြား တစ်သန်းကျော်ကို ဖမ်းမိ ခဲ့ပါတယ်။

မြန်မာဘက်ကနေ ယာဘ ဆေးပြားတွေ အလုံးအရင်းနဲ့ ဝင်နေတယ် ဆိုတဲ့ သတင်းတွေ အရ၊ Kochubonia ဆိုတဲ့ အရပ်မှာ ရှိတဲ့ ကွမ်းခြံ တစ်ခုထဲ ဘင်္ဂလားဒေ့ရှ် ရဲတွေ ဝင်ရောက် စီးနင်း ရှာဖွေ ခဲ့ကြပါတယ်။

အဲဒီ ကွမ်းခြံထဲ ဆာလာအိတ် ၄ လုံးထဲ ထည့်ပြီး ဝှက်ထားတဲ့ ဆေးပြား ၁၂ သိန်းကို တွေ့ခဲ့ ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ တပ်ရင်းမှူး ဗိုလ်မှူးချုပ် Abuzar Al Jahid က ပြောပါတယ်။

မြန်မာဘက်က စိတ်ကြွ ဆေးပြားတွေဟာ ဘင်္ဂလာဒေ့ရှ် ဘက်ကို ကုန်လမ်းရော ရေလမ်းကပါ မှောင်ခို ဝင်ရောက်နေပြီး၊ မူးယစ် ကုန်သွယ်တဲ့ လမ်းကြောင်းပေါ် ကျနေတဲ့ တက်ခ်နက်ဖ် မြို့မှာ အခုလိုပဲ ယာဘ ရူးသွပ် စိတ်ကြွ ဆေးပြားတွေ မကြာခဏ ဆိုသလို ဖမ်းမိ နေတယ် ဆိုပြီး ဘီဘီစီ သတင်းထောက်က ပြောပါတယ်။