အီးယူမှာ ဒေါ်စုသတင်းစာရှင်း

  • 2 မေ 2017
ဓာတ်ပုံ မူပိုင် EMMANUEL DUNAND
Image caption ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံ ဝန်ကြီးချုပ်နဲ့တွေ့

ဥရောပခရီးစဉ်အဖြစ် ဘရပ်ဆဲလ်စ်မြို့ကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ ဘယ်လ်ဂျီယံ ဘုရင် ဖိလစ် ၊ ဝန်ကြီးချုပ် ရှာမစ်ရှဲလ်၊ နောက်ပြီး ဥရောပသမဂ္ဂ အရာရှိကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပသမဂ္ဂ နိုင်ငံခြားရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် မစ္စ ဖက်ဒရစ်ကာ မိုဂါရီနီနဲ့လည်း တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေကြောင်း၊ နောက်ပြီး ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေ တိုးတက်ဖို့ လုပ်ဆောင်နေကြောင်းနဲ့ စိန်ခေါ်မှုတွေရှိနေကြောင်း ပြောခဲ့ပါတယ်။

ကိစ္စရပ်အများစုမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုတွေ ရခဲ့ပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကနေ ရခိုင်ပြည်နယ်တွင်း အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွတ်ဖို့ ကိစ္စမှာ မြန်မာဘက်က လက်မခံတာနဲ့ ပတ်သက်လို့တော့ နှစ်ဦးကြား သဘောတူညီမှု မရှိဘူးလို့ မစ္စ မိုဂါရီနီက ပြောပါတယ်။

အီးယူ ပြည်ပ မူဝါဒရေးရာ အကြီးအကဲ ဖက်ဒရစ်ကာ မိုဂါရီနီ နဲ့ တွေ့ဆုံပြီး မကြာသေးခင်မိနစ်ပိုင်းက လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်း စုကြည်က အီးယူနဲ့ မြန်မာ ဆက်ဆံရေးကို နှစ်ဖက် စလုံးက တန်ဖိုးထားပြီး အပြန်အလှန် ယုံကြည် နားလည်မှု ရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောခဲ့သလို အီးယူဖက်ကလည်း ငွေကြေးနဲ့ နည်းပညာ အထောက်အကူတွေ ပံ့ပိုး သွားမယ့်အကြောင်း ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ