ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ဥပဒေချိုးဖောက်လို့ ကြံ့ခိုင်ရေး စွပ်စွဲ

  • 3 မေ 2017
ဓာတ်ပုံ မူပိုင် USDP
Image caption မဲဆွယ်စည်းရုံးတာတွေကို နိုင်ငံပိုင် သတင်းစာ မှာထည့်သွင်းတာ ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း ဥပဒေ ကို ချိုးဖောက်တာ တွေ ဖြစ်

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မေလ ၃ ရက်နေ့မှာ လုပ်ခဲ့ပါတယ်။

ကြံ့ခိုင်ရေး ပါတီဗဟို အလုပ်မူဆောင် အစည်းအဝေးမှာတော့ ကြားဖြတ် ရွေးကောက် ပွဲ ကို ပြန်လည်သုံးသပ်တာ၊ ပါတီဝင် အင်အား ပြန်လည် စိစစ်ဖို့ ကြံခိုင်ရေး ပါတီရဲ့ အားနည်း တယ်လို့ယူဆတဲ့ နေရာ တွေမှာ ပါတီပြန် လည်ပြင်ဆင် ဖွဲ့စည်းဖို့ နဲ့ ပါတီဝင်ကြေး၊ လစဉ်ကြေး ကိစ္စတွေကို ဆွေးနွေးခဲ့ တယ်လို့ပါတီ ပြောရေး ဆိုခွင့်ရှိသူ ဦးပိုက်ထွေး က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ပြန်လည်သုံးသပ်တဲ့အခါမှာတော့ NLD ပါတီအနေနဲ့ ကြားဖြတ်ရွေး ကောက်ပွဲမှာ ဥပဒေချိုးဖေါက် တာရှိတဲ့အတွက်ရွေး ကောက်ပွဲကော်မရှင်ကို တိုင်ကြားသွားမယ်လို့ ဦးပိုက်ထွေး က ပြောပါတယ်။

NLD ပါတီ က ဥပဒေချိုးဖေါက်တယ်လို့ သုံးသပ်ထားတဲ့ အချက်အလက် တွေက တော့ နိုင်ငံတော် အတိုင်ပင်ခံ ရာထူး ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြား တာနဲ့ ပတ်သက်လို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြတာ၊ နိုင်ငံပိုင် မီဒီယာ ကို အသုံးပြုပြီး မဲဆွယ်တာ၊ ပါတီ ခေါင်းဆောင် ဦးတင်ဦးနဲ့ ဦးဝင်းထိန် တို့က အစိုးရ သက်တမ်း တစ်နှစ်ပြည့်နဲ့အချိန်ကိုက်ပြီး မဲဆွယ်စည်းရုံးတာတွေကို နိုင်ငံပိုင် သတင်းစာမှာထည့်သွင်းတာ ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေ ကို ချိုးဖောက်တာ တွေ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ကိုယ်စားလှယ်လောင်းတစ်ဦးချင်းက ကန့်ကွက်ဖို့ရှိသလို ပါတီအနေနဲ လည်း ရွေးကောက်ပွဲကော်မရှင်ကိုတိုင်ကြားဖိုရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အမှန်တကယ် ပါတီဝင်အင်အားကို သိရှိနိုင်ဖို့အတွက်ကို လည်း စိစစ် တွေဆောင်ရွက်သွား မယ်လို့ ဦးပိုက်ထွေးက ပြောပါတယ်။

ပြီးခဲ့တဲ့ လက ကျင်းပပြီးစီး ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ကြံခိုင်ရေး ပါတီက အမတ် ၂ နေရာ သာ အနိုင်ရရှိခဲ့ပါတယ်။