ကရင့်ရပိုင်ခွင့်အတွက် DKBA ၂၁ ရာစု ပင်လုံညီလာခံတက်မယ်

  • 3 မေ 2017
Image caption DKBA ရဲ့ ၃ ရက်ကြာ တပ်မှူး စုံညီ အစည်းအဝေး

NCA လမ်းကြောင်း အတိုင်း သွားပြီး ကရင် လူမျိုးတွေရဲ့ ရပိုင်ခွင့် အတွက်၂၁ ရာစု ပင်လုံညီလာခံကို တက်မယ်၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပတ်သက်ပြီး အစိုးရ စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် ( DKBA ) ရဲ့ ၃ ရက်ကြာ တပ်မှူး စုံညီ အစည်းအဝေး ကနေ ဆွေးနွေးဆုံးဖြတ် ခဲ့ကြပါတယ်။

DKBA ရဲ့ ဌာနချုပ် ဆုံဆည်းမြိုင်မှာ ပြုလုပ်ခဲ့တဲ့ တပ်မှူးစုံညီ အစည်းဝေးက ဆုံးဖြတ်ခဲ့ကြတာပါ။

NCA နဲ့ ပတ်သက်ပြီး တပ်မှူးတွေက တဆင့် အရာရှိ၊အရာခံ၊အကြပ်၊တပ်သားတွေကို ဆွေးနွေးရှင်း ပြပြီး DKBA ထိန်းချုပ်တဲ့ ဒေသတွင်းက လူထုတွေပါ သိရှိအောင် ဆောင်ရွက်ဖို့ ဆွေးနွေးတယ်လို့ DKBA ရဲ့စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ဆိုပါတယ်။

ပြီးတော့ အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းထားဖို့ အတွက် သူတို့တပ်တွေအတွင်းမှာ ဆောင်ရွက်ထား တာတွေကိုလည်း ဗိုလ်ချုပ်ကြီးစောမိုရှေးက ပြောပါတယ်။

ဒါတွေအပြင် တပ်တွင်းမှာ လစ်လပ်တဲ့ နေရာတွေ ဖြည့်တင်းတာ၊ ရာထူး တိုးမြှင့်ပေးတာ၊ တပ်တွင်းကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ ဒေသဖွံ့ဖြိုးရေး၊ ရုံးလုပ်ငန်း၊ တပ်တွင်း ဆောက်လုပ်ရေး ကိစ္စတွေကို ဆွေးနွေး ခဲ့ကြတယ်လို့ DKBA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ