ဒေါ်အောင်ဆန်းစုကြည် လန်ဒန်ရောက်ပြီ

  • 4 မေ 2017
ဓာတ်ပုံ မူပိုင် MAURIZIO BRAMBATTI
Image caption အမျိုးသမီးများကဏ္ဍနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အမတ်များ ညီလာခံမှာ တက်ရောက် မိန့်ခွန်းပြော

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကြာသပတေးနေ့ ညနေက လန်ဒန်ကို ဆိုက်ရောက်လာပြီး အရင်တခါ တည်းခဲ့တဲ့ ဒေါ်ချက်စတာ ဟိုတယ်မှာ တည်းခိုနေပါတယ်။

လန်ဒန် ခရီးစဉ်အတွင်း ဗြိတိသျှ အောက်လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုး၊ ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်တို့နဲ့လည်း သူ တွေ့ဆုံဖို့ ရှိပါတယ်။

မနေ့က ရောမမြို့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သလို မြန်မာနဲ့ ဗာတီကန် ၂ နိုင်ငံကြား သံတမန်ဆက်သွယ်မှုတွေကိုလည်း စတင်ခဲ့ပါတယ်။

ဒီနောက် အီတလီ ဝန်ကြီးချုပ် ပေါင်လို ဂျန်တီလိုနီ နဲ့ တွေ့ဆုံခဲ့ပြီး ရွှေ့ပြောင်းသွားလာမှုနဲ့ လိင်အရတန်းတူမှု၊ အမျိုးသမီးများကဏ္ဍနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ အမတ်များ ညီလာခံမှာလည်း တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ