ပြင်သစ် ရွေးကောက်ပွဲ မှာ မက်ခရွန်း အနိုင်ရ

  • 7 မေ 2017
ဓာတ်ပုံ မူပိုင် AFP
Image caption ဆန္ဒမဲရရရှိမှုမှာ မက်ခရွန်း က ၆၅ ရာခိုင်နှုန်း ရရှိ

ပြင်သစ် သမ္မတ ရွေးကောက်ပွဲ မှာ အလယ်အလတ်လမ်းစဉ် ကျင့်သုံး တဲ့ အီမန်နျူရယ် မက်ခရွန်း အနိုင် ရရှိပါတယ်။

လက်ျာယိမ်း အမျိုးသားရေး ပါတီ ခေါင်းဆောင် မာရီးလီပန်း ကို မဲ အပြတ်အသတ် နဲ့ အနိုင် ရရှိတာ ဖြစ်တယ်လို့ ပဲရစ်က လာတဲ့ သတင်းတွေ အရ သိရပါတယ်။

ဆန္ဒမဲရရရှိမှုမှာ မက်ခရွန်း က ၆၅ ရာခိုင်နှုန်း ရရှိပြီး မာရီး လီပန်း ကတော့ ၃၅ ရာခိုင်နှုန်း သာ ရှိပါတယ်။

၁၉၅၈ ခုနှစ် ကတည်းက စပြီး ပြင်သစ် နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ နေရာ ကို လွှမ်းမိုး ထားခဲ့တဲ့ ကွန်ဆားဗေးတစ်ပါတီ နဲ့ ဆိုရှစ်လစ် ပါတီ ဝင် မဟုတ်တဲ့ သမ္မတ တစ်ဦးကို ပထမဆုံး ရွေးကောက် တင်မြှောက် နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ် ခဲ့တဲ့ ပြင်သစ် နိုင်ငံ က မြို့ကြီး တွေမှာ ရွေးကောက်ပွဲ ကာလအတွင်း လုံခြုံရေး ကို အထူး တင်းကျပ် ထားခဲ့တာ ဖြစ်ပါတယ်။

ပဲရစ် မြို့လယ်မှာ သမ္မတ မက်ခရွန်း ကို ထောက်ခံ ကြသူတွေဟာ ရွေးကောက်ပွဲ အောင်နိုင်မှု အထိမ်းအမှတ်ပွဲ ကျင်းပဖို့ စုရုံး ရောက်ရှိနေပါတယ်။