ရခိုင်ကော်မရှင် ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

  • 8 မေ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီကော်မရှင်ဟာ လာမယ့် သြဂုတ်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ ဟာ အပြီးသတ် အစီရင်ခံစာ မထုတ်ပြန်ခင် ဗုဒ္ဓဘာသာ ဆရာတော်တွေ၊ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် တွေနဲ့ တနင်္လာနေ့မှာ တွေ့ဆုံခဲ့ ပါတယ်။

အခုတွေ့ဆုံ မှုမှာ နိုင်ငံသား ဖြစ်မှု ကိစ္စ၊ ပညာရေး ကိစ္စ စတာတွေနဲ့ ပတ်သက်လို့ အဓိက အကြံပြု ဆွေးနွေး ခဲ့ကြ တယ်လို့ ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

အစ္စလာမ် ဘာသာဝင်တွေကလည်း နိုင်ငံကြားက တရားမဝင် လာရောက်သူတွေကို နိုင်ငံခြားသား လို့သာ ဆက်ဆံ သင့်ကြောင်း ပြောဆို ဆွေးနွေး တာတွေလည်း ရှိပါတယ်။

အကြံပြုတဲ့ အထဲမှာ တဘက်ဘက်ကို တဖက်စောင်းနင်း မဖြစ်ဖို့ ကိစ္စတွေလည်း ပါဝင်ကြောင်း သူကပြောပါတယ်။

ဒီကော်မရှင်ဟာ လာမယ့် သြဂုတ်လမှာ သက်တမ်း ကုန်ဆုံးမှာ ဖြစ်တဲ့ အတွက် အဲဒီ မတိုင်ခင် အပြီးသတ် အစီရင်ခံစာ ထွက်ရှိမှာ ဖြစ်ပါတယ်။

အခု အကြံဉာဏ်တွေ ကို အဲဒီ အပြီးသတ် အစီရင်ခံစာမှာ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။