မြောက်ပိုင်းနဲ့ ဝအဖွဲ့ တရုတ်ခေါ်ဆွေးနွေး

  • 11 မေ 2017
ဓာတ်ပုံ မူပိုင် HEIN HTET
Image caption ၂၁ ပင်လုံမှာ လူမျိုးစု အဖွဲ့အားလုံး ပါဖို့ ကြိုးစားနေ

မြန်မာ အစိုးရ တပ်တွေနဲ့ တိုက်နေတဲ့ KIA၊ ကိုးကန့် ၊ TNLA နဲ့ ရခိုင် AA အဖွဲ့တွေ အပြင် UWSA ဝလက်နက်ကိုင်အဖွဲ့ကိုပါ တရုတ် အာဏာပိုင်တွေက ယူနန်မှာ ဖိတ်ခေါ်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲ ပါဝင်နိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးရာမှာ ပန်ခမ်း အစည်းအဝေး တက်ပြီး ဝ မူကို ထောက်ခံခဲ့တဲ့ ၇ ဖွဲ့လုံး ဒုတိယ ပင်လုံညီလာခံကို တက်ပြီး သူတို့ သဘောထား ဆန္ဒတွေ တင်ပြနိုင်ရင် တက်မယ်လို့ မြောက်ပိုင်း မဟာမိတ်တွေ ဘက်က ပြန်ကြားခဲ့ပါတယ်။

လေ့လာသူ အဖြစ်နဲ့တော့ မတက်ရောက်နိုင်ကြောင်း တရုတ်ဘက်ကို ပြန်ကြားခဲ့တယ်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ရှိနေခဲ့တဲ့ TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာဂျုတ်ဂျားက ပြောပါတယ်။

တရုတ်ဘက်က နယ်စပ် တည်ငြိမ်ရေး အတွက် ဆောင်ရွက်ပေးလိုတဲ့ ဆန္ဒရှိကြောင်း၊ ဒါပေမဲ့ သူ့အနေနဲ့ သတင်းစကား သယ်ပေးရုံသာ တတ်နိုင်ကြောင်းလည်း ဆိုပါတယ်။

ပန်ခမ်းမှာ ချမှတ်ခဲ့တဲ့အတိုင်း ၇ ဖွဲ့စလုံး တက်ရမှ အစိုးရနဲ့ ဆွေးနွေးနိုင်မယ်လို့ အားလုံးက ယူဆကြောင်း၊ ဒါမှမဟုတ်ဘဲ အရင်လို သီးခြား တွေ့ဆုံနေရရင် အလုပ်မဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ