ထိုင်းမြန်မာနယ်စပ်မှာ ယာဘ ၇ သိန်းကျော် ဖမ်းဆီးရမိ

  • 15 မေ 2017
Image caption ကျန်တဲ့လူ တချို့ ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ဆိုပါတယ်

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ ရဲ့ ထိုင်း မြန်မာ နယ်စပ် အနားမှာ ထိုင်း စစ်တပ်နဲ့ လက်နက်ကိုင် မူးယစ် ဆေးဝါး သယ်ဆောင်တဲ့ သူတွေ မေလ ၁၃ ရက်နေ့ ညက တိုက်ပွဲ ဖြစ်ပြီး ယာ ဘဆေးပြား ၇ သိန်းကျော်ကို သိမ်းဆည်း နိုင်ခဲ့ ပါတယ်။

ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး တပ်ဖွဲ့ဝင် တွေဟာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရဲ့ ထိုင်း မြန်မာ နယ်စပ် အနားမှာ သတင်းအရစောင့်ဆိုင်း နေတုန်း မူးယစ်ဆေးဝါး သယ်ဆောင် သူတွေနဲ့ တိုက်ပွဲ ဖြစ်ပြီး ယာဘဆေးပြားတွေကို ဖမ်းဆီး ရမိခဲ့ တာပါ။

တိုက်ပွဲဖြစ်ပြီး ယာ ဘဆေးပြားတွေကို ဖမ်းဆီးရ မိခဲ့တာနဲ့ ပတ်သက်ပြီး မယ်ဆိုင်မြို့နယ် ရဲမှူးရုံးက ရဲမှူး ကျက္ကဖုတ် က- မေလ ၁၃ ရက်နေ့ ညမှာ စောင့် ဆိုင်းနေတုန်း ည ၁၁ နာရီ လောက်မှာ လက်နက်ကိုင် မူးယစ် ဆေးဝါး သယ်ဆောင် သူတွေနဲ့ တိုက်ပွဲ ဖြစ်ပြီး မူးယစ်ဆေးဝါး သယ်ဆောင် လာတဲ့ သူတွေရဲ့ အလောင်း ၉ လောင်း၊ သေနတ် ၃ လက်နဲ့ ယာဘ ဆေပြား ၇ သိန်းနဲ့ ၄ ထောင်ကို သိမ်းဆည်း ရမိတယ်လို့ ပြောကြားသွားပါတယ်။

ကျန်တဲ့လူ တချို့ ကတော့ ထွက်ပြေး လွတ်မြောက် သွားတယ်လို့ ဆိုပါတယ်။

ထိုင်း မြန်မာ လာအို သုံးနိုင်ငံ နယ်စပ်ဖြစ်တဲ့ ဒီရွှေတြိဂံ ဒေသ ကနေပြီးတော့၊ ထိုင်းနိုင်ငံ ထဲကို ယာဘ ဆေးပြားနဲ့ ယာအိုက်စ် တွေကို ခိုးသွင်း လာတာ အခုနှစ်ပိုင်းမှာ ပြန်ပြီး များလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၀ နှစ်လောက်တုန်း ကတော့၊ ထိုင်း မြန်မာ နယ်စပ် တခြား ဒေသတွေနဲ့ ထိုင်း လာအို နယ်စပ် လမ်းကြောင်း တွေကနေ မူးယစ်ဆေးဝါးတွေကို လမ်းကြောင်း ပြောင်းပြီး သယ်ဆောင် ကြပါတယ်။

အဲဒီ လမ်းကြောင်းတွေမှာ အဖမ်းအဆီး များလာတော့၊ အခု ရွှေတြိဂံ လမ်းကြောင်းဘက်ကို ပြန်ရောက် လာတာလို့ ထိုင်း မူးယစ်ဆေးဝါး နှိမ်းနင်းရေး တာဝန် ရှိသူတွေက ပြောပါတယ်။