မဘသက ပဋိပက္ခတွေ ပေါ်ပေါက်အောင် မလှုံ့ဆော်ဘူးလို့ ပြော

  • 16 မေ 2017
Image caption ဦးဝီရသူ ပြောဆို တာတွေဟာ မဘသ အဖွဲ့ကို ကိုယ်စား မပြု။

အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ဟာ လူမှု အသိုင်းအဝိုင်းတွေ အတွင်း မငြိမ်မသက် ဖြစ်အောင် လှုံဆော်တဲ့ အပြုအမူတွေ မလုပ်ဆောင်ဘူ ဆိုပြီး မဘသ ဦးဆောင် ဆရာတော် တစ်ပါးဖြစ်တဲ့ ဒေါက်တာ ဦး သောပါက က ဘီဘီစီကို မိန့်ပါတယ်။

တိုင်းပြည်တွင်း လူမျိုးနဲ့ ဘာသာတရားတို့ အပေါ် မူတည်ပြီး ပဋိပက္ခတွေ ဖြစ်ပေါ် လာရင် ငြိမ်းအေးအောင် ဖြေရှင်း ပေးနိုင်ဖို့ ဆိုတဲ့ မူဝါဒမျိုး မဘသ အဖွဲ့က ကိုင်စွဲထားတယ် လို့လည်း ဦး သောပါက က မိန့်ပါတယ်။

ပဋိပက္ခ တစုံတရာ ဖြစ်ပေါ် လာတိုင်း မဘသ အဖွဲ့အပေါ် လက်ညှိုးထိုး စွပ်စွဲမှုများကို သည်းခံ ခဲ့ပေမယ့် လွန်ကဲ လာရင်တော့ ဥပဒေဘောင် အတွင်းက တုံ့ပြန် သွားနိုင်ဖို့ ရည်ရွယ် ထားတယ် ဆိုပြီး တော့လည်း ဦး သောပါက က မိန့်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်ထဲကို ရာနဲ့ချီပြီး အုပ်စုဖွဲ့ ဝင်ရောက် ခဲ့တဲ့ ဖြစ်ရပ်မှာ မဘသ အဖွဲ့ ပါဝင် ပတ်သက် နေတယ် ဆိုတဲ့ ပြောဆို ဝေဖန်မှု တွေ အပေါ် မဘသ အဖွဲ့က တုံ့ပြန် လာတာ ဖြစ်ပါတယ်။

အဲဒီ လူအုပ်ကို ဦးဆောင် ခဲ့သူတွေလို့ ယူဆရသူတွေကို ဖမ်းဆီး တရား စွဲဆို မှုတွေ ရှိနေချိန်မှာ မဘသ အဖွဲ့က သူတို့နဲ့ မပတ်သက်တဲ့ အကြောင်း အင်းစိန်၊ ရွာမ ပရိယတ္တိ စာသင်တိုင်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ငြင်းဆို ခဲ့ပါတယ်။

ဒါ့အပြင် ပြင်းထန်တဲ့ အမျိုးသားရေးတွေ ပြောကြားလေ့ ရှိတဲ့ မန္တလေးက ဆရာတော် ဦးဝီရသူနဲ့ ပတ်သက် ပြီးတော့လည်း ဦးဝီရသူဟာ မဘသ ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်ပေမယ့် သူပြောဆို တာတွေဟာ မဘသ အဖွဲ့ကို ကိုယ်စား မပြုဘူးလို့ ဒေါက်တာ ဦး သောပါက က ဘီဘီစီကို မိန့်ပါတယ်။

မဘသ အဖွဲ့ကို ပျက်လိုပျက်စီး လုပ်ဆောင် လာရင်တော့ တားမြစ် ရမှာ ဖြစ်ပေမယ့် သူ့တာဝန် သူယူပြီး ပြောနေတဲ့ ဦးဝီရသူ အပေါ် အခု အချိန်မှာတော့ မဘသ ဘက်က ဘာမှ ပြောဆိုမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မဘသ ဟာ သံဃ အဖွဲ့အစည်း ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီ ဖွဲ့ထားတာ မဟုတ်ဘူး ဆိုပြီး နိုင်ငံတော် သံဃ မဟာ နာယက မဟန အဖွဲ့ကတော့ ဆုံးဖြတ် ထားပါတယ်။

သံဃာတွေ သက်သက်နဲ့ ဖွဲ့ထားတာ မဟုတ်ပဲ လူ ပုဂ္ဂိုလ်တွေပါ ပါဝင် ဖွဲ့စည်း ထားတာ ဖြစ်တဲ့ အတွက် မဟန အဖွဲ့ရဲ့ ဆုံးဖြတ်ချက် မှားတယ်လို့ မပြောနိုင် ပေမယ့်၊ နိုင်ငံတွင်း ဘာသာရေး သာသနာရေး အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်း ခွင့် ရှိတာနဲ့ အညီ မဘသကို သာသနာပြု အဖွဲ့ တစ်ခု အဖြစ် ဖွဲ့စည်း ထားတာ ဖြစ်တယ်လို့ ဒေါက်တာ ဦး သောပါက တုံ့ပြန်

ပါတယ်။

မင်္ဂလာတောင်ညွန့် မြို့နယ်ထဲ ဖြစ်ပျက် ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်း ထုတ်ခံ ထားရ သူတွေထဲ သံဃာ နှစ်ပါး ပါဝင် နေပြီး၊ မျိုးချစ် ရဟန်းတော်များ သမဂ္ဂ ဆိုတဲ့ နာမည်အောက် လှုပ်ရှား နေကြသူတွေ ဖြစ်တယ်လို့ နားလည် ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ