ဦးကိုနီ အမှုနဲ့ နေပြည်တော် ဖမ်းဝရမ်း ကိစ္စ

  • 20 မေ 2017
Image caption အောင်ဝင်းခိုင် ဝရမ်း ကိစ္စ ရန်ကုန်တရားရုံး ကလည်း ပယ်ချ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံ အောင်ဝင်းခိုင် နောက်ဆုံးပျောက်သွားရာ နေပြည်တော် ဘက်မှာ ဖမ်းဝရမ်း ထုတ်ပေးဖို့ တရားလိုဘက် က တင်ပြ လျှောက်ထားတဲ့ကိစ္စ ကို ရန်ကုန်တိုင်း တရားရုံး က ပယ်ချလိုက်ပါတယ်။

အရင်တုန်းက လည်း အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး တရားလိုတွေ က မြောက်ပိုင်းခရိုင်တရားရုံး စတင် တင်ပြ လျှောက်ထားခဲ့ဘူးပြီး အဲဒီတုန်းကလည်း ပယ်ချ ခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အဆိုပါ တရားခံ အောင်ဝင်းခိုင်ကို မြန်မာနိုင်ငံတဝန်း ဘယ်နေရာမှာ မဆို ဖမ်းဆီးပိုင်ခွင့် က တော့ ရပြီးသားပါ။

သို့သော် တရားခံပျောက်သွားတဲ့ နေပြည်တော်ဘက်မှာ ဖမ်းဝရမ်း ထုတ်ခဲ့တယ်ဆိုတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ဒီ အမှု ကိစ္စ တရားမျှတမှု ရရေး လုပ်ဆောင်တဲ့နေရာမှာ တရားဥပဒေကြောင်း အရ အရေးကြီး တယ်လို့ တရားလိုရှေ့နေ ဦးနေလ က ဘီဘီစီ ကို ပြောပါတယ်။

အခု ရန်ကုန်တိုင်း တရားရုံး ရဲ့ ဆုံးဖြတ်ချက် ကို ဘယ်လိုအကြောင်းတွေပေါ်မူတည်ပြီး တရားသူကြီးတွေ က စဉ်းစား ဆုံးဖြတ် သလဲ ဆိုတဲ့ အချက် တွေ သိရှိရပြီးတဲ့နောက်မှ အခုလို ပယ်ချခံရတဲ့ ကိစ္စ ရှေ့ကို ဘယ်လို ဆက်ဆောင်ရွက်ရမလဲ ဆိုတာ ကို စဉ်းစားမယ် လို့ တရားလို ရှေ့နေ က ပြောပါတယ်။