ပင်လုံအတွက် လက်နက်ကိုင်အားလုံးကို ဖိတ်ကြားပြီ

  • 22 မေ 2017
ဓာတ်ပုံ မူပိုင် MOI
Image caption ရှမ်းပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ တခြား အဖွဲ့တွေ တက် မတက်ကို တော့ မသိရသေး

၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အစည်း အဝေး ကို တက်ရောက်နိုင် ဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံး ကို ဖိတ်ကြား လိုက်ပြီ ဖြစ်ပါတယ်။

တနင်္လာ နေ့က ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ အစည်း အဝေး တက်ရောက် ခဲ့တဲ့ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဒုတိယ ဥက္ကဌ ကိုမျိုးဝင်းက အခုလို ပြောကြား တာပါ။

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ကို လက်မှတ် မထိုးရသေးတဲ့ မိုင်းလား အဖွဲ့ ကတော့ ၂၁ ပင်လုံ ညီလာခံကို တက်ရောက်မှာ ဖြစ်တယ်လို့ ကိုမျိုးဝင်း က ပြောပါတယ်။

ဒီအတွက် ကိုယ်စားလှယ် စာရင်းလည်း ရရှိ ထားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ တိုက်ခိုက် မှုတွေ ရှိနေတဲ့ ရှမ်းပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့နဲ့ NCA လက်မှတ် မထိုးရသေးတဲ့ တခြား အဖွဲ့တွေ တက် မတက်ကို တော့ မသိရသေး ဘူးလို့လည်း ပြောပါတယ်။

အစည်း အဝေးမှာ ၂၁ ပင်လုံ ညီလာခံ ဒုတိယ အစည်းအဝေး အတွက် အဓိက ထား ဆွေးနွေးခဲ့သလို၊ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC) အတွင်းရေးမှူး အဖွဲ့ရဲ့ အစီရင် ခံစာ တွေကိုလည်း ဆွေးနွေးခဲ့ကြ ကြောင်း သိရ ပါတယ်။