မိုင်းကိုင်ကျောက်မီးသွေးမိုင်း ဆန္ဒပြ

  • 25 မေ 2017
ဓာတ်ပုံ မူပိုင် Shan human right forum
Image caption မိုင်းတွင်းတွေကြောင့် ပတ်ဝန်းကျင် မြစ်၊ ချောင်းတွေကို ပျက်စီး စေ

ရှမ်းပြည်နယ်၊ မိုင်းကိုင် မြိုနယ်ထဲ တူးဖော်နေတဲ့ ကျောက်မီးသွေး မိုင်းတွင်းတွေကို ရပ်တန့် ပေးမယ် ဆိုတဲ့ လုပ်ငန်းရှင်တွေရဲ့ ကတိစကား ပျက်ကွက် နေတယ်လို့ ဒေသခံတွေက ပြောနေပါတယ်။

အဲဒီ့ မိုင်းတွင်းတွေကြောင့် ပတ်ဝန်းကျင် မြစ်ချောင်းတွေကို ပျက်စီး စေတယ် ဆိုပြီး ပြီးခဲ့တဲ့ သီတင်းပတ် ထဲက မိုင်းကိုင်မြို့ပေါ် လူတွေ သောင်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ မိုင်းကိုင် ကျောက်မီးသွေး မိုင်းတွင်းကို ပြည့်အောင်ဟိန်းနဲ့ ဟိန်းမေတ္တာ ကုမ္ပဏီ ၂ ခုက လည်ပတ်နေတာလို့ ရှမ်း လူ့အခွင့်အရေး မဏ္ဍိုင်က စိုင်းကွန်းလောဝ်းက ပြောပါတယ်။

ဒီကျောက်မီးသွေးတွင်း တူးတဲ့ နေရာက နမ့်တိန်းမြစ်ဖျားမှာ ရှိပြီး ဒေသခံတွေရဲ့ စိုက်ခင်းတွေကို ထိခိုက်လို့ ခုလို ဆန္ဒပြကြတာပါ။

ကျောက်မီးသွေးက ထွက်တဲ့ မြေစာပုံတွေကို ချောင်းဘေးမှာ စွန့်ပစ်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ဒီမိုင်းတွင်းကို လူထောင်ချီ ဆန္ဒပြခဲ့ပြီးနောက် တူးတာတွေ ရပ်မယ် ဆိုပြီး ကုမ္ပဏီတွေဘက်က ပြောကြားခဲ့ပေမယ့် ဆက်တူးလို့ ခုလို ဆန္ဒပြကြတာပါ။

တွင်းတူးဖို့ သစ်ခုတ်တာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ