မိုရာ ဆိုင်ကလုံး ဒဏ်ကြောင့် ရိုဟင်ဂျာ ဒုက္ခသည် ယာယီတဲတွေ ပျက်စီး

  • 31 မေ 2017
Image caption ဒုက္ခသည်တွေ အတွက် လတ်တလော အခက်အခဲတွေ ပေါ်ပေါက်နေ

မိုရာ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ ခိုလှုံနေတဲ့ ယာယီတဲတွေ ထောင်ပေါင်းများစွာ ပျက်စီး သွားခဲ့တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ကူညီ ထောက်ပံ့ရေးတွေ ပြလုပ်နေတဲ့ ပရဟိတ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ် ကော့ဘဇား ဒေသထဲ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် လတ်တလော အခက်အခဲတွေ ပေါ်ပေါက် နေတယ် ဆိုပြီးတော့လည်း အဲဒီ အဖွဲ့တွေက သတိပေး ပါတယ်။

ဒုက္ခသည် အများအပြားဟာ စားစရာမရှိ၊ အမိုးအကာမရှိနဲ့ မိုးရေထဲမှာ တစ်ညလုံး နေခဲ့ရပြီးအကူအညီတွေကို စောင့်မျှော် နေခဲ့ကြ ရပါတယ်။

အဲဒီ ဒုက္ခသည်တွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ ဆေးပေးခန်းတွေလည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီး သွားခဲ့တယ် ဆိုပြီး IOM လို့ ခေါ်တဲ့ လူပြောင်းရွှေ့ ဝင်ရောက်မှု ဆိုင်ရာ နိုင်ငံတကာ အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မြန်မာ အစိုးရ အဆက်ဆက် ထွက်ပြေးလာခဲ့ ကြတဲ့ ရိုဟင်ဂျာ ၃ သိန်း ကျော် ရှိနေတယ်လို့ သတင်းတွေက ဆိုပါတယ်။