တောင်သူတွေဟာ စည်းကြပ်ထိုက်တဲ့ ဝင်ငွေ မပြည့်မှီသူတွေ အဖြစ် သတ်မှတ်

  • 2 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption တောင်သူတွေဟာ စည်းကြပ်ထိုက်တဲ့ ဝင်ငွေ မပြည့်မှီသူတွေ အဖြစ် သတ်မှတ်

လယ်ယာထွက်သီးနှံ့ ရောင်းချတဲ့ ဝင်ငွေ ပမာဏကို မူတည်ပြီး လယ်သမားတွေ ဆီက အခွန် ကောက်ခံမယ် ဆိုတဲ့ အချက်ကို အစိုးရဘက်က ဖြေလျှော့ သွားပါတယ်။

လယ်ယာထွက်သီးနှံ့ ရောင်းချလို့ ကျပ် ၅ သိန်း နဲ့ အထက် ရှိရင် ကြိုတင် ဝင်ငွေခွန် ၂ % ကောက်ခံမယ် ဆိုတဲ့ အခွန် စည်းမျဉ်း အပေါ် ကန့်ကွက် ဝေဖန်သံတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့တဲ့ နောက် အခုလို ဖြေလျှော့ သွားခဲ့တာပါ။

တောင်သူတွေဟာ စည်းကြပ်ထိုက်တဲ့ ဝင်ငွေ မပြည့်မှီသူတွေ အဖြစ် သတ်မှတ်ပြီး ကင်းလွတ်ခွင့် ပေးဖို့ ဆုံးဖြတ် ထားတယ်လို့ ပြည်တွင်း အခွန် ဦးစီးဌာနရဲ့ ထိပ်တန်း အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ကုမ္ပဏီ ထောင်ပြီး လယ်ယာထွက်သီးနှံ့ တွေ ရောင်းဝယ် ဖောက်ကား နေသူတွေ အတွက်တော့ အဲဒီ ကြိုတင် ဝင်ငွေ ခွန် ပေးဆောင် ရမှာ ဖြစ်တယ် ဆိုပြီး ပြည်တွင်း အခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ဆိုပါတယ်။

လယ်ဧက ထောင်နဲ့ချီ ပိုင်ဆိုင်တဲ့ မြေပိုင်ရှင် တွေ အနေနဲ့လည်း စည်းကြပ်မှု ခံယူသင့်တယ်လို့ ဦးမင်းထွဋ်က ပြောပါတယ်။