လန်ဒန်တိုက်ခိုက်မှု ၇ ဦးသေဆုံး

  • 4 ဇွန် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption အကြမ်းဖက်တိုက်ခိုက်သူ ၃ ဦးကို ရဲက ပစ်သတ်ဖမ်းဆီးနိုင်ခဲ့

စနေနေ့ည ၁၀ နာရီကျော်က လန်ဒန်မြို့လယ်က လန်ဒန်တံတားပေါ်နဲ့ တံတားအနီးကို လူတစ်စုက တိုက်ခိုက်ခဲ့တဲ့အတွက် လူ ၇ ဦးသေဆုံးခဲ့ပါတယ်။ အကြမ်းဖက်သူအဖြစ် သံသယရှိသူ ၃ ဦးကိုလည်း ရဲက အသေပစ်သတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

လန်ဒန်တံတားပေါ်မှာ တစ်နာရီ မိုင် ၅၀ နှုန်းလောက်နဲ့ မောင်းလာတဲ့ ဗင်ကားက လူတွေကို ဝင်တိုက်ခဲ့ပြီးနောက် ကားပေါ်က ဆင်းပြီး ဓားနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေက ဖောက်ခွဲရေးအတွင်းခံအင်္ကျီလိုမျိုး သဏ္ဍန်လုပ်ပြီး ဝတ်ဆင်ထားတယ်လို့ ရဲက ပြောပါတယ်။

ဒဏ်ရာရသူ ၄၈ ဦးကိုလည်း ဆေးရုံ ၅ ခုမှာ တင်ထားပါတယ်။

ဝန်ကြီးချုပ်ထရီဆာမေဟာ တနင်္ဂနွေမနက်ပိုင်းမှာ အရေးအပေါ်ဝန်ကြီးများအစည်းအဝေးခေါ်ယူ ကျင်းပနေပါတယ်။

ဇွန်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ဗြိတိန်က အထွေထွေရွေးကောက်ပွဲ မဲဆွယ်မှုတွေကိုလည်း ပါတီတွေက ရပ်ဆိုင်းထားပေမယ့် ရွေးကောက်ပွဲ ရက်ရွေ့ဖို့တော့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ