မူဆယ်စက်မှုဇုန် ပြည်နယ်အစိုးရ ခွင့်ပြုထား

  • 7 ဇွန် 2017
ဓာတ်ပုံ မူပိုင် MOI facebook
Image caption နေပြည်တော်မှာ ကျင်းပနေတဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ မှာလည်း ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို တင်ပြခဲ့

မူဆယ်မှာ ဧက ၃၀၀၀ ကျော် မူဆယ် စီးပွားရေးဇုန် တည်ဆောက်ဖို့ အတွက် ပြည်နယ် အစိုးရက ခွင့်ပြု ထားပြီလို့ ဒီစီမံကိန်း ကို လုပ်ကိုင်မယ့် မော်ရှမ်း ဖွံ့ဖြိုး တိုးတက်ရေး အများပိုင် ကုမ္ပဏီက ပြောပါတယ်။

ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက် ရတာနဲ့ စီမံကိန်း စတင် ဆောင်ရွက်မယ် လို့လည်း အဲဒီ ကုမ္ပဏီရဲ့ အုပ်ချုပ်မှု ဒါရိုက်တာ က ဦးစောဦးက ပြောပါတယ်။

နေပြည်တော်မှာ ကျင်းပနေတဲ့ မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဖိုရမ် ၂၀၁၇ မှာလည်း ဒီစီမံကိန်း အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူတွေကို တင်ပြခဲ့ တယ်လို့ ဦးစောဦးက ပြောပါတယ်။

မူဆယ်မြို့ရဲ့ အနောက်ဘက် မူဆယ်နဲ့ နမ့်ခမ်း မြို့ကြားမှာ တည်ဆောက်မှာ ဖြစ်ပြီး ရွာပေါင်း ၁၉ ရွာ လောက် ပြောင်းရွှေ့ ပေးရမှာ ဖြစ်ပါ တယ်။

ကနဦး ဆွေးနွေးချက်တွေ အရ ဒေသခံ ရွာသားတွေရဲ့ သဘောတူညီ ချက်မရပဲ လုပ်လို့ မရဘူးလို့လည်း ဦးစောဦးက ပြောပါ တယ်။

ဒီစက်မှုဇုန် လုပ်ဖို့ ပြည်နယ် အစိုးရက ခွင့်ပြု ပေးထား ပေမယ့် နိုင်ငံတော် အဆင့်က ခွင့်ပြု့ချက် မရရှိသေးပါဘူး။