Y8 ရှာဖွေရေး နိုင်ငံတကာ ကမ်းလှမ်းမှု တပ်မတော် လက်မခံ

  • 11 ဇွန် 2017
ဓာတ်ပုံ မူပိုင် EPA
Image caption ဒေသ ခံတွေ နဲ့ အတူ ပူးပေါင်း ပြီး ရှာဖွေမှု တွေ တပ်မတော် ဘက် က ဆက်လက် ပြုလုပ် နေ

ဇွန်လ ၇ ရက်နေ့ ဗုဒ္ဓဟူးနေ့ တုန်း က ပျက်ကျ ခဲ့ရတဲ့ တပ်မတော် သယ်ယူ ပို့ဆောင်ရေး လေယာဉ် ထဲက ခရီးသည် ထက်ဝက် ကျော်ရဲ့ အလောင်း တွေကို ပြန်လည် ဆယ်ယူ ရရှိပြီ လို့ တပ်မတော်က သတင်း ထုတ်ပြန် ပါတယ်။

တရုတ် နိုင်ငံ က ဝယ်ယူ ထားတဲ့ အင်ဂျင် လေးလုံးပါ Y8 အမျိုးအစား လေယာဉ် ပျက်ကျ ခဲ့ရတာ ဟာ ရာသီဥတု ကြောင့် လို့ သုံးသပ်လို့ ရကြောင်း တပ်မတော် ဘက် က ပြောပါတယ်။

လတ်တလော မှာ ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ကိုယ်ထည် ကို ဒေသ ခံတွေ နဲ့ အတူ ပူးပေါင်း ပြီး ရှာဖွေမှု တွေ တပ်မတော် ဘက် က ဆက်လက် ပြုလုပ် နေပါတယ်။

ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ကို ဝိုင်းဝန်း ကူညီ ရှာဖွေ ပေးဖို့ တရုတ် နိုင်ငံ အပါအဝင် နိုင်ငံ အချို့က ကမ်းလှမ်း မှု တွေ လုပ်ခဲ့ ပေမယ့် တပ်မတော် ဘက် က ငြင်းဆို ထားပါတယ်။

ဆိုဗီယက် ပြည်ထောင်စု က ထုတ်လုပ် ခဲ့ဖူးတဲ့ အန်တိုနော့ဗ် အန် ၁၂ အမျိုးအစား ကို မူပြောင်း ထုတ်လုပ် ထားတဲ့ Y8 လေယာဉ် အမျိုးအစား လေယာဉ် က လုံခြုံစိတ်ချ ရမှု အပိုင်း အားနည်း တယ်လို့ နိုင်ငံတကာ လေကြောင်း ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။

မြန်မာ့ တပ်မတော် အနေနဲ့ Y8 လေယာဉ် ရဲ့ ပျံသန်းမှု မှတ်တမ်းကို ရရှိဖို့ အတွက် ရှာဖွေမှုတွေ လုပ်ဆောင်ရာမှာ နည်းပညာ ပိုင်းအရ လိုအပ်ချက် ရှိကောင်း ရှိနိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

တပ်မတော် က ဝယ်ယူ ထားတဲ့ Y8 အမျိုးအစား လေယာဉ် ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် က မှ ရောက်ရှိခဲ့တဲ့ လေယာဉ် အသစ် ဖြစ်ပြီး ပျံသန်းချိန် နာရီ ၈၀၀ ကျော် သာ ရှိသေးကြောင်း သိရှိရပါတယ်။

ဇွန်လ ၇ ရက်နေ့က Y8 အမျိုးအစား တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် ဟာ မြိတ် ကနေ ရန်ကုန် မြို့ကို ပျံသန်း လာစဉ် ထားဝယ် မြို့ အနီး က လောင်းလုံ ဒေသ နားမှာ အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။