စင်္ကာပူမှာ မြန်မာ အိမ်အကူ တိုက်မြင့်ပေါ်က ခုန်ချ

  • 13 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption အိမ်ဖော် သုံးသောင်းကျော် ရှိတဲ့ စင်္ကာပူ

စင်္ကာပူမှာ ဇွန်လ ၁၂ ရက် ညနေက မြန်မာ အမျိုးသမီး အိမ်အကူ တယောက် ဟာ CBD ရပ်ကွက်က သူနေတဲ့ ကွန်ဒို တိုက်မြင့်ပေါ်ကနေ ခုန်ချပြီး သေကြောင်းကြံလို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေသူဟာ ရခိုင် ပြည်နယ် မြောက်ဦးမြို့နယ်က လာသူ ဖြစ်ပြီး မြန်မာ နိုင်ငံကူး စာအုပ် ကိုင်သူ ဖြစ်ကြောင်း သံရုံးဘက်က သိရတယ်လို့ စင်္ကာပူ မြန်မာ ကလပ် အမှုဆောင် အဖွဲ့ဝင်နဲ့ Helping Hands အိမ်အကူ အလုပ်သမားတွေ ကူညီရေး အဖွဲ့က ဦးတင်မောင်ဝင်းက ပြောပါတယ်။

ခုချိန်မှာ ကွယ်လွန်သူရဲ့ မိသားစုနဲ့ အဆက်အသွယ် ရဖို့ ကြိုးစားနေပါတယ်။

ဒီ ၂ လ ၃ လ အတွင်း စင်္ကာပူမှာ တိုက်ပေါ်က ခုန်ချ သေကြောင်းကြံတဲ့ မြန်မာ အမျိုးသမီး ၂ ယောက်လည်း ရှိခဲ့ဖူးကြောင်း ဦးတင်မောင်ဝင်းက ပြောပါတယ်။

ဒီ ၂ ယောက်ကတော့ အသက်မသေဘဲ ခါးရိုးကျိုးသွားတာမျိုးတွေ ရှိကြောင်း၊ တယောက်ကိုလည်း မြန်မာပြည် ပြန်ပို့လိုက်ပြီလို့ သူက ဆိုပါတယ်။

အခု နောက်ဆုံး ဖြစ်ရပ်မှာ သေကြောင်းကြံစည်တဲ့ အကြောင်းကို မသိရသေးဘဲ ရဲက စုံစမ်း စစ်ဆေးနေတယ်လို့ ပြောပါတယ်။

သူ ခုန်မချခင်မှာ မီးသတ် က သူ့ကို ဖြောင်းဖြဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ ခုန်ချသွားခဲ့တာပါ။

အောက်က ခံထားတာတွေကို ကျော်ပြီး တခြားဘက်ကျသွားလို့ ပွဲချင်းပြီး သေဆုံးသွားတာလို့လည်း ဦးတင်မောင်ဝင်းက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ