ရခိုင်မိုးဆက်တိုက်ရွာလို့ ရေကြီး ရေလျှံ

  • 15 ဇွန် 2017
ဓာတ်ပုံ မူပိုင် NYUNT WIN
Image caption မိုးကြီးလေပြင်းတိုက်လို့ အိမ်ခြေပျက်စီးမှုတွေရှိ

ရခိုင်ပြည်နယ် အတွင်း မိုးတွေ ဆက်တိုက်ရွာသွန်းနေတဲ့ အတွက် နေရာအချို့မှာ ရေကြီး ရေလျှံမှုတွေ ဖြစ်နေသလို စစ်တွေ- ရန်ကုန်ကားလမ်း ပေါ်မှာလည်း ရေကျော်ပြီး မြေပြိုတာတွေ ရှိတဲ့ အတွက် ကားလမ်းလည်း အချိန်အတော်ကြာ ပြတ်တောက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် သည်းသည်းမဲမဲ ရွာနေတဲ့ အတွက် တချို့ နေရာတွေမှာ ရေကြီးရေလျှံ ဖြစ်နေသလို အမ်းမြို့အတွင်း ရေတိုက်စားပြီး ကားလမ်း ကျိုးပျက်သွားတဲ့ အတွက် စစ်တွေ- ရန်ကုန် ကားလမ်းလည်း အသွားအလာ ရပ်တန့်သွားခဲ့ရပါတယ်။

လမ်း အချိန်မီ ပြန်လည် ပြုပြင်လိုက်တဲ့ အတွက် ကောင်းသွားပြီ လို့ အမ်းဒေသခံ လူမှုရေး ဆောင်ရွက်နေသူ ဦးဇော်လင်းအောင်က ပြောပါတယ်။

ကုလားတန် မြစ်အထက်ပိုင်း ချင်းပြည်နယ် ပလက်ဝမှာလည်း မိုးအဆက်မပြတ် ရွာသွန်းတဲ့ အတွက် ရေဟာ နဂိုပုံမှန်ထက် ၆ ပေထိ တက်ခဲ့ပြီး မြို့တဘက် ဆိပ်ကမ်းကို ရေမြုပ်ခဲ့တယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ