လူမဲအမျိုးသားကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို အမှုကနေ ကင်းလွတ်ခွင့် ပေး

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲအရာရှိ ဂျရိုနီမို ရနက်ဇ်

အမေရိကန် ပြည်ထောင်စု မန်နီဆိုးတား ပြည်နယ်မှာ အာဖရိက နွယ်ဖွား အမေရိကန်သား တယောက်ကို ပစ်သတ်ခဲ့တဲ့ ရဲအရာရှိကို တရားစီရင်းရေး အဖွဲ့က အမှုကနေ ကင်းလွတ်ခွင့် ပေးလိုက်ပါတယ်။

မနှစ်တုန်းက အာဖရိကနွယ်ဖွား အမေရိကန်သား Philando Castile ဖီလန်ဒို ကတ်စတိုင်းလ် ဟာ လမ်းစည်းကမ်း ချိုးဖောက်တယ် ဆိုပြီး ရပ်ခိုင်းကာ ရဲက ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်ချိန်မှာ နံဘေးမှာ ရှိတဲ့ မစ္စတာ ကတ်စတိုင်းရဲ့ ရည်းစားက သူ့ရဲ့ နောက်ဆုံး အချိန်ကို ဗွီဒီယိုရိုက်ကူးပြီး ဖေ့စ်ဘွတ်ခ် ပေါ်ကနေ လိုက်ဖ် လွှင့်ခဲ့တာကြောင့် ဒီသတင်းက တကမ္ဘာလုံး ဟိုးလေး တကျော် ဖြစ်သွားခဲ့ပါတယ်။

Jeronimo Yanez ရဲအရာရှိ ဂျရိုနီမို ရနက်ဇ် ဟာ လူသတ်မှု ၊ လူသေစေမှုတွေ နဲ့ အပြစ် မရှိကြောင်း တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ