၂၀၁၇ တက္ကသိုလ်ဝင်တန်း အောင်ချက် ၃၃%ကျော်ရှိ

  • 17 ဇွန် 2017
ဓာတ်ပုံ မူပိုင် Shwe Inn Thar Khin Mg Win
Image caption ၂၀၁၅ - ၂၀၁၆ စာသင်နှစ်ရဲ့ အောင်ချက်ဟာ ၃၀ ရာခိုင်နှုန်း နီးပါးပဲ ရှိတဲ့အတွက် ၃ ရာခိုင်နှုန်းလောက် အောင်ချက်တိုးလာတာဖြစ်

၂၀၁၆ - ၂၀၁၇ စာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေကို ဇွန်လ ၁၇ ရက်နေ့မှာ ကြေညာခဲ့ရာမှာ တနိုင်ငံလုံးအနေနဲ့ ဖြေဆိုသူ ၇ သိန်းကျော်မှာ အောင်မြင်သူ ၂ သိန်းကျော်ရှိတဲ့အတွက် အောင်ချက် ရာခိုင်နှုန်း ၃၃ ရာခိုင်နှုန်းကျော် ရှိနေပါတ

၂၀၁၅ - ၂၀၁၆ စာသင်နှစ်ရဲ့ အောင်ချက်ဟာ ၃၀ ရာခိုင်နှုန်း နီးပါးပဲ ရှိတဲ့အတွက် ၃ ရာခိုင်နှုန်းလောက် အောင်ချက်တိုးလာတာလည်း ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက်မှာတော့ မွန်ပြည်နယ်က အောင်ချက် ၄၁% ရလို့ အများဆုံးအောင်တဲ့ ပြည်နယ် ဖြစ်ခဲ့ပေမယ့် ရခိုင်ပြည်နယ်မှာတော့ ဖြေဆိုတဲ့အထဲက ၁၇ ရာခိုင်နှုန်းကျော် ကျောင်းသားတွေပဲ အောင်တဲ့အတွက် အောင်ချက် အနည်းဆုံး ပြည်နယ် ဖြစ်နေပါတယ်။

ပညာရေးအပြိုင်အဆိုင်များတဲ့ ရန်ကုန်တိုင်းဒေသကြီးရဲ့ အောင်ချက်ကတော့ မွန်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးရဲ့ အောက်ချက်ထက် လျော့ခဲ့ပြီး အောင်ချက် အများဆုံး တတိယနေရာပဲ ရခဲ့ပါတယ်။

တနိုင်ငံလုံးအနေနဲ့ ဂုဏ်ထူးရအောင် ဖြေနိုင်သူ ငါးသောင်းကျော် ရှိခဲ့ပြီး ဘာသာစုံ ဂုဏ်ထူးရတဲ့ ကျောင်းသား အရေအတွက်ကတော့ ၈၀၉ ဦး ဖြစ်ပါတယ်။

အခုလို ဘာသာစုံ ဂုဏ်ထူးရတဲ့ ကျောင်းသား အရေအတွက်ထဲမှာ အများစုက ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီးက ကျောင်းသားတွေ ဖြစ်ပါတယ်။

အခုလို ဘာသာစုံ ဂုဏ်ထူးရတဲ့ ကျောင်းသားတွေထဲမှာ အမှတ် အများဆုံးရသွားတဲ့ ကျောင်းသားကတော့ ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် အထက (၂)မှာ တက်ရောက်ခဲ့တဲ့ မောင် သုတ ရဲမိုးဖြစ်ပြီး စုစုပေါင်း ရမှတ် ၅၅၅ မှတ်ကို သိပ္ပံ ဘာသာတွဲနဲ့ ရခဲ့တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် အောင်ချက် ရာခိုင်နှုန်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က အောင်ချက် ရာခိုင်နှုန်းတွေဟာ ယခင်နှစ်တွေကလိုပဲ အနည်းဆုံးတွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံး တပြေးညီ အောင်ချက် မြင့်လာဖို့အတွက် မိဘ၊ ကျောင်းသားနဲ့ ဆရာ ဆရာမတွေ ပူးပေါင်း လုပ်ဆောင်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ စာစစ် ဦးစီးဋ္ဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဇံက ပြောပါတယ်။