ဟန်နီ အထည်ချုပ် စက်ရုံက ရာနဲ့ချီတဲ့ လူတွေ အလုပ်ထုတ်ခံရ

  • 18 ဇွန် 2017
Image caption ၂၀၁၆ ခုနှစ်က ဆာကူရာ အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်ကိုင် ခဲ့ကြတဲ့ ဝန်ထမ်းများ

စက်ရုံ အလုပ်သမား ရာနဲ့ချီ အလုပ်ထုတ်ခံရတာ နဲ့ ပတ်သက် လို့ မင်္ဂလာဒုံ စက်မှု ဇုန်ဝင်းထဲက Honeys အထည်ချုပ်စက်ရုံ အလုပ်သမား ၃၀၀ ကျော်ဟာ စက်ရုံ ရှေ့မှာ ဇွန် လ ၁၈ ရက်နေ့မှာ ဆန္ဒပြခဲ့ပါတယ်။

Honeys အထည်ချုပ်စက်ရုံမှာ တနေ့အတွက် ချုပ်ဖို့ သတ်မှတ်ထားတဲ့ အထည်ပမာဏကို ပြည့်မှီအောင် ချုပ်ပေးဖို့အလုပ်ရှင်က တောင်းဆိုတာနဲ့ ပတ်သက်လို့ အလုပ်ရှင်နဲ့ အလုပ်သမား အကြား ပြီးခဲ့တဲ့ ဧပြီလကတည်းက မကျေမလည် ဖြစ်နေခဲ့တာ လည်း ဖြစ်ပါတယ်။

တနေ့ အထည် (၇၅၀) ချုပ်ဖို့ စက်ရုံဘက်က ပြောဆိုတာကို အလုပ်သမား တွေက ငြင်းဆန်ခဲ့ပြီး နောက်မှာ အလုပ်သမားခေါင်းဆောင်တွေကို အလုပ် ထုတ်ပယ်ခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့မှာ အလုပ်သမား (၅၀၀) ကျော်ကို ထပ်မံ ထုတ်ပယ် ခဲ့ပါတယ်။

အရင်တုန်း က အထည်ပိုကြေး ပေးတာကြောင် ဝန်ထမ်း တွေ က မနေမနား ချုပ်လုပ် ပေးခဲ့ကြပေမဲ့ အခုတော့ ထည်ပိုကြေး မပေး တော့ဘဲ သတ်မှတ် ထားတဲ့ အရေအတွက် ပြည့်မှီ အောင် ချုပ်ပေးဖို့ စက်ရုံ ဘက်က တွန်းအား ပေးတာ ကို အလုပ်သမားတွေက တိုင်ကြား ခဲ့တဲ့ အတွက် အလုပ် ကနေ ထုတ်ပယ် ခံရတာ ဖြစ်ကြောင်း စက်ရုံ အလုပ်သမားခေါင်း မယဉ်မျိုးသွယ် က ပြောပါတယ်။

ဇွန်လ ၁၈ ရက် မနက်ပိုင်းမှာ အလုပ်သမား(၃) ရာကျော်လောက် က စက်ရုံ ရှေ့မှာ ဆန္ဒပြခဲ့ပြီး အလုပ်ထုတ်ခံရသူတွေ လုပ်ငန်းခွင် ပြန်ဝင်ရဖို့၊ ခွဲခြား ဖိနှိပ် မှုတွေ ရပ်တန့်ဖို့ နဲ့ ဥပဒေပါ အခွင့်အရေးတွေ ရရှိဖို့ ဆိုတဲ့ အချက် (၃)ချက် ကို တောင်းဆိုခဲ့ကြပါတယ်။

အခုလို ရာနဲ့ ချီ ပြီး အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့ စက်ရုံမှာ နိုင်ငံခြား က အော်ဒါ မှာကြားမှု မရှိတော့လို့ အလုပ်သမားတွေ ကို အလုပ်က ထုတ် တာလား၊ လုပ်သက်ရင့် ဝန်ထမ်း တွေကို ဖယ်ရှားဖို့ အလုပ်က ထုတ်ပယ် တာလား ဆိုတာ သေချာ မသိရသေးဘူးလို့ အလုပ်ရှင် အလုပ်သမားကြား ညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ သွေစည်း ညီညွတ် သော အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်က ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

မင်္ဂလာဒုံမှာ ရှိတဲ့ ဟန်နီ အထည်ချုပ် စက်ရုံဟာ ဂျပန်နိုင်ငံသားပိုင် ဖြစ်ပြီး အလုပ်ထုတ်ပယ်ခံရတဲ့ ရာနဲ့ ချီတဲ့ အလုပ်သမားတွေ အတွက် စက်ရုံဘက်က နစ်နာကြေး တစုံတရာပေးတာ မရှိပါဘူး။

အလုပ်သမာ းတွေဘက်ကတော့ အလုပ်ထုတ်ခံရတာနဲ့ ပတ်သက်လို့

မြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး ကောင်စီမှာ တိုင်ကြား ထားပါတယ်။ ဒါ့အပြင် ဇွန်လ ၁၉ ရက်နေ့ က စလို့ စက်ရုံရှေ့မှာ (၅) ရက်တိတိ ဆန္ဒပြဖို့ အလုပ်ထုတ်ခံရသူတွေက ခွင့်ပြုမိန့် တင်ထားတယ်လို့ သိရပါတယ်။