ရခိုင်မြောက်ပိုင်း အကြမ်းဖက် သင်တန်းကို ဘယ်သူတွေ ပို့ချတာလဲ

  • 22 ဇွန် 2017
Image caption ဥမင်လှိုဏ်ခေါင်း အပါအအဝင် ပစွည်း အသုံးဆောင်တွေကို တွေ့ရှိ။

ပြည်ပမှာ အကြမ်းဖက် သင်တန်း တက်ရောက် လာသူတွေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသထဲ သင်တန်းတွေ ပြန်ပေး နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဘီဘီစီကို ပြောပါတယ်။

မေယုတောင်ကြောပေါ် အကြမ်းဖက် သင်တန်း အဖြစ် အသုံးချ နေတယ် ဆိုပြီး အာဏာပိုင်တွေက ယူဆထားတဲ့ ဥမင်လှိုဏ်ခေါင်း အပါအအဝင်၊ လူနေတဲနဲ့ ပစွည်း အသုံးဆောင်တွေကို အခု ရက်ပိုင်း အတွင်းကပဲ ရှာဖွေ ရှင်းလင်း နိုင်ခဲ့တယ်လို့ အစိုးရက ထုတ်ပြန် ထားပါတယ်။

အကြမ်းဖက် သင်တန်းဆင်းတွေက ထပ်မံ ဆင့်ပွားပို့ချတဲ့ အလားတူ သင်တန်းမျိုးတွေ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂ဝ၁၇ နှစဆန်းပိုင်း ကတည်းက စုဖွဲ့ လုပ်ဆောင် လာကြတယ် လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

လက်နက်သင်တန်းမျိုးသာမက မိုင်းဗုံး လုပ်နည်းတွေပါ ပို့ချ ပေးနေတာကို စမ်းသပ် ဖောက်ခွဲကြရာကနေ သေဆုံးသူတွေ ရှိခဲ့တာကို ကြည့်ရင် သိနိုင်တယ်လို့လည်း အတိုင်ပင်ခံရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုပါတယ်။

သင်တန်းတွေဟာ ပြည်ပနဲ့ ဆက်စပ်နေတယ်လို့ ဆိုပေမယ့် ဘယ်နိုင်ငံတွေလဲ ဆိုတဲ့ အသေးစိတ် အချက်အလက် မျိုးကိုတော့ ထုတ်ပြန် မပေးပဲ ဆက်လက် စုံစမ်း နေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီလို သင်တန်းမျိုးတွေကို ဒေသခံ ကျေးရွာက လူငယ်တွေကို သိမ်းသွင်း ပို့ချပေးတာ ဖြစ်တယ်လို့ အာဏာပိုင်တွေ ဘက်က ယူဆ ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ လတုန်းက နယ်ခြားစောင့် ရဲ စခန်းတွေ ချိန်ကိုက် တိုက်ခိုက် ခံခဲ့ရပြီး နောက်ပိုင်းမှာလည်း အာဏာပိုင်တွေနဲ့ ပူးပေါင်း ဆောင်ရွက်သူလို့ ယူဆ ရသူတွေ ပစ်မှတ်ထား တိုက်ခိုက် ခံနေရတာ တွေဟာ အဲဒီ ဒေသထဲ အစိုးရ ယန္တရား ချိနဲ့ပြီး အကြမ်းဖက်တို့ ဩဇာ လွှမ်းနိုင်ဖို့ ဗျူဟာမြောက် ရည်ရွယ် ကြံဆောင် နေကြတာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက မွတ်ဆလင်တွေကို သီးခြား ဖယ်ထုတ် ခွဲခြားတဲ့နည်းမျိုး အစိုးရက ကျင့်သုံးမှု မရှိဘူး လို့ ဦးဇော်ဌေးက ပြောသလို ပေါင်းစည်း နိုင်ရေး ဆိုတာ နိုင်ငံသား စိစစ်တဲ့ လမ်းကြောင်းက အဓိကပဲ လို့လည်း ဆိုပါတယ်။

မေယု တောင်ကြောပေါ်က အကြမ်းဖက် သင်တန်း တည်နေရာတစ်ခုကို အခု ရက်ပိုင်းထဲမှာပဲ ရှင်းလင်းနိုင် ခဲ့ပြီး၊ လက်နက်ကိုင် ၃ ယောက်ကို အသေ ဖမ်းမိ ထားတယ်လို့ အစိုးရက ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ