မြန်မာ မူးယစ်ဆေး တိုက်ဖျက်မှု တိုးတက်

  • 26 ဇွန် 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘိန်းစေး ထုတ်လုပ်မှု မြင်ကွင်း

ဇွန်လ ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နေ့ ဖြစ်ပါတယ်။

ဒီနေ့မှာ နိုင်ငံတဝှန်း က ဖမ်းဆီး ရမိတဲ့ မူးယစ်ဆေးဝါး တွေကို မီးရှို့ ဖျက်ဆီး မယ့် အခမ်းအနားတွေ ကို ကျင်းပ ကြမှာ ဖြစ်ပါတယ်။

မြန်မာ နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အခြေအနေ တိုးတက်မှု ရှိလာတယ်လို့ ကချင်ပြည်နယ်က ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ ပတ်ဂျာဆန် က ပြောပါတယ်။

ဒါပေမယ့် စစ်ပွဲတွေ ဖြစ်ပွားတဲ့ နေရာဒေသတွေမှာ မူးယစ်ဆေးဝါး က ထိန်းချုပ် ဖို့ မလွယ်ဘူး ဖြစ်နေဆဲပါ။

အရင်ကထက် စာရင် အစိုးရ တာဝန် ရှိသူတွေ က မူးယစ် ဆေးဝါး တိုက်ဖျက် ရေးမှာ ပိုမို တိုးတက် လုပ်ဆောင် လာပေမယ့် ပြည်သူက ပူးပေါင်း ပါဝင်မှု ကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့လည်း ပတ်ဂျာဆန် အဖွဲ့က ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပြည်သူ့ အခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ က လုပ်ငန်း ဆောင်ရွက် နေတာ သုံးနှစ်ကျော် ရှိနေပြီလို့ ပတ်ဂျာဆန် အတွင်းရေးမှူး ဦးတန်ဂွန်း က ပြောပါတယ်။

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေမှာ အမျိုးသားရေး တာဝန် တစ်ရပ် အနေနဲ့ ပြဌာန်း ထားပေးမယ့် နည်းဥပဒေ ပိုင်းမှာ က အခက်အခဲ တွေ ရှိနေဆဲ ဖြစ်ပါတယ်။

အစိုးရ ရဲ့ ပူးပေါင်း ဆောင်ရွက်မှု ပိုင်းက တစ်ခါတစ်ရံမှာ အားနည်း တဲ့ အတွက် ကချင် ပြည်နယ် က ပြည်သူ ဦးဆောင်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်း တွေမှာ လုံခြုံရေး မရရှိတာတွေ ဖြစ်ပေါ် ခဲ့ဘူး တယ်လို့ ပတ်ဂျာဆန် အဖွဲ့က ပြောကြားခဲ့ပါတယ်။