သီရိလင်္ကာမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင်နေ

  • 2 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် AFP
Image caption သီရိလင်္ကာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၂၀ဝ ကျော်ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အလားတူ သေဆုံးသူ ၇၀ ကျော်ထက် သုံးဆလောက် များနေ

သီရိလင်္ကာနိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားမှု စံချိန်တင် မြင့်တက်နေတဲ့အတွက် ရေဆိုးရှိတဲ့ ခြင်ပေါက်ဖွားရာ နေရာတွေကို ရှင်းလင်းမယ့် ကျန်းမာရေး ဝန်ထမ်းတွေကို အစိုးရတပ်ဖွဲ့ဝင်တွေက အကူအညီပေးနေရပါတယ်။

လေထုစိုထိုင်းဆ မြင့်မားတဲ့ မုတ်သုံရာသီမှာ ကိုလံဘိုမြို့တော်အတွင်းက မစီးဆင်းပဲ တန့်နေတဲ့ အမှိုက်သရိုက်တွေရှိတဲ့ ရေဆိုးတွေကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ပြန့်ပွားစေတဲ့ ခြင်တွေ ပေါက်ဖွားနှုန်း မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ မြို့တော်အနီးက အမှိုက်ပုံပြိုကျမှုရဲ့ သက်ရောက်မှုတွေကြောင့် အမှိုက်သိမ်းမှု အကြိမ်ရေ နည်းနေတာကလည်း အခြေအနေတွေကို ပိုဆိုးသွားစေခဲ့တာ ဖြစ်ပါတယ်။

ငှက်ဖျား ပြန့်ပွားမှု အဆိုးဆုံးဖြစ်နေတဲ့ ကိုလံဘိုမြို့ထဲနဲ့ အနီးတဝိုက်က နေရာတွေအတွက် တပ်ဖွဲ့ ၂၅ ဖွဲ့ စေလွှတ်ထားတယ်လို့ သီရိလင်္ကာ စစ်တပ်က ပြောပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ်ရဲ့ ပထမ ခြောက်လအတွင်း သီရိလင်္ကာနိုင်ငံရဲ့ သွေးလွန်တုပ်ကွေး ကူးစက်ခံရမှု အရေအတွက်ဟာ ၇ သောင်းကျော် ရှိခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၁၆ တနှစ်လုံးရဲ့ သွေးလွန်တုပ်ကွေး ကူစက်မှု အရေအတွက် ၅ သောင်းခွဲထက် များနေတာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ သီရိလင်္ကာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူ ၂၀ဝ ကျော်ရှိသွားပြီ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အလားတူ သေဆုံးသူ ၇၀ ကျော်ထက် သုံးဆလောက် များနေတာ ဖြစ်ပါတယ်။