ဗဟိုဘဏ် ဒုဉက္ကဋ္ဌ ပြောင်းလဲခန့်အပ်မယ်

  • 3 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် CBM website
Image caption ဒုဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ၃ ဦးဟာ ဇူလိုင်လ ၃၁ ရက် နေ့ မှာ ၅ နှစ် ပြည်လို့ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်

လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ ဗဟိုဘဏ် ဒုဉက္ကဋ္ဌ နေရာမှာ အစားထိုး ခန့်အပ်မယ့် ဒုဥက္ကဋ္ဌ ၂ ဦးရဲ့ အမည် စာရင်းကို နိုင်ငံတော် သမ္မတက ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့ထား လိုက်ပြီ ဖြစ်ပါတယ်။

လက်ရှိ ဥပဒေ အရ ဗဟိုဘဏ် ဒုဉက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင် နေတဲ့ ၃ ဦးဟာ ဇူလိုင်လ ၃၁ ရက် နေ့ မှာ ၅ နှစ် ပြည်လို့ သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

အဲဒီ သက်တမ်း ကုန်ဆုံးတဲ့ အခါ နိုင်ငံတော် သမ္မတ အနေ နဲ့ သက်တမ်းတိုး ခန့်အပ်နိုင် သလို အနားပေးလို့ လည်း ရပါတယ်။

NLD အစိုးရ အဖွဲ့ အနေနဲ့ ဗဟိုဘဏ် ဒုဉက္ကဋ္ဌ အချို့ကို သက်တမ်း တိုးပေးမှာ မဟုတ်ပဲ အသစ် ခန့်အပ်မှာ ဖြစ်တဲ့ အတွက် အသစ် ခန့်အပ်မယ့် သူတွေရဲ့ အမည် စာရင်းကို ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ ခဲ့တာ ဖြစ်တယ်လို့ အစိုးရ အဖွဲ့ ခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

နိုင်ငံတော် သမ္မတက အမည်စာရင်း ပေးပို့လာတဲ့ ဗဟိုဘဏ် ဒုဉက္ကဋ္ဌတွေ ထဲမှာ လက်ရှိ AGD ဘဏ်မှာ အကြံ ပေး အနေနဲ့ တာဝန်ထမ်း ဆောင်နေတဲ့ ဦးစိုးသိန်း ပါဝင် တယ်လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တွေ ကပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးစိုးသိန်းကို မေးကြည့်တဲ့ အခါမှာတော့ သက်ဆိုင်ရာ တာဝန် ရှိသူတွေက သူကို ခေါ်ယူ တွေ့ဆုံတာ တွေတော့ ရှိတယ်လို့ ပြောပါတယ်။

လက်ရှိ ဗဟိုဘဏ် ဉက္ကဌ အပါ အဝင် ဒုဥက္ကဋ္ဌ ၃ ဦးဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က ခန့်ထားတဲ့ သူတွေ ဖြစ်ပြီး ဗဟိုဘဏ် ဉက္ကဋ္ဌ ကတော့ လာမယ့် နှစ်ကျမှာ ၅ နှစ် သက်တမ်း ပြည့်မှာ ဖြစ်ပါတယ်။

လုပ်ထုံး လုပ်နည်း အရ နိုင်ငံတော် သမ္မတ ကပေးပို့လာတဲ့ ဗဟိုဘဏ် ဒုက္ကဋ္ဌ တွေရဲ့ အမည်စာရင်းကို ဒီတပတ်ထဲမှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြမှာဖြစ်ပြီး ကန့်ကွက်မယ့်သူ မရှိရင် အတည်ပြု ခန့်အပ်မှာ ဖြစ်ပါတယ်။