စစ်တွေ ပဋိပက္ခ မွတ်ဆလင်တဦး သေဆုံး

  • 4 ဇူလိုင် 2017
Image caption စစ်တွေ ဒုက္ခသည် စခန်းတခု

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြို့ထဲက ကန့်သတ်နယ်မြေ ထဲကို ဝင်ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းက လူတွေနဲ့ ဒေသခံ ရခိုင်တွေ ပဋိပက္ခဖြစ်ခဲ့ရာမှာ မွတ်ဆလင်ဒုက္ခသည်တဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၂ ဦး ရှိတယ်လို့ စစ်တွေခရိုင်ရဲမှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

နေ့လယ်ပိုင်း စစ်တွေတရားရုံးကို ဒါးပိုင် ဒုက္ခသည်စခန်းက ဒုက္ခသည် တချို့ သက်သေအဖြစ် လာရောက်စဉ် အတူပါလာတဲ့ကားက လုံခြုံရေး မပါဘဲ မြို့ထဲကို ထွက်သွားခဲ့ရာက အခုလိုဖြစ်ခဲ့တာပါ။

စက်လှေ ဝယ်မယ် ဆိုပြီး ထွက်သွားတဲ့ ကားက ကမ်းနားမှာ ရခိုင် အလုပ်သမားတွေနဲ့ အခင်းဖြစ်တာလို့ စစ်တွေခရိုင်ရဲမှူး ဒုရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

ကားပေါ် လူ ၇ ယောက် ပါလာပြီး ရခိုင်ဘက်က လူအယောက် ၂၅-၃ဝ လောက် ရှိပါတယ်။

ဒုက္ခသည် တယောက် ခေါင်းအုတ်ခဲထိမှန် သေဆုံးပြီး ၂ ယောက်ဒဏ်ရာရတာ ဖြစ်ပါတယ်။ ခုထိ ဖမ်းဆီးတာ မရှိသေးပေမယ့် ပုဒ်မ ၃ဝ၂၊ ၃၂၆ တွေနဲ့ အမှုဖွင့်ပြီး စစ်ဆေး အရေးယူမှုတွေ လုပ်မယ်လို့ ဒုရဲမှူးကြီးဝင်းနောင်က ပြောပါတယ်။

အခြေအနေ ကို ထိန်းသိမ်းလိုက်နိုင်ပြီလို့လည်း သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ