ကာချုပ်ကို ရန်ကုန်ဝန်ကြီးချုပ် တောင်းပန်

  • 16 ဇူလိုင် 2017
Image caption ဒီမိုကရေစီတိုင်းပြည်တစ်ခုက စစ်ဘက် အရပ်ဘက် ဆက်ဆံရေးဆိုတာကို ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရာထူးအဆင့်အတန်းဟာ ပရိုတိုကော ဝါစဉ်အရ ညွှန်ကြားရေးမှူးချုပ်အဆင့်သာ ရှိတယ်လို့ အခန်းအနားတစ်ခုမှာ ပြောခဲ့တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တရား၀င်တောင်းပန်စာကို လက်ခံရရှိထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဖေ့ဘုတ်စာမျက်နှာက ထုတ်ပြန်ချက်ထဲမှာ ဇူလိုင်လ ၁၃ ရက် ရက်စွဲနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူ့ရဲ့ တောင်းပန်စာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လိပ်မူပြီး အမြန်ချောပို့လမ်းကြောင်းနဲ့ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုမှုအပေါ် လိုအပ်သလို အရေးယူပေးဖို့ တပ်မတော်ဘက်က အစိုးရကို တင်ပြ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ မိခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကလည်း ဦးဖြိုးမင်းသိန်းကို သတိပေးဆုံးမထားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပါတီရဲ့ လုပ်ရိုးလုပ်စဉ်အရ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က သတိပေးတာသာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဌ မုံရွာအောင်ရှင်က ပြောပါတယ်။

NLD အစိုးရတက်လာပြီး တစ်နှစ်ကျော်အတွင်း တပ်မတော်နဲ့ အစိုးရကြား ဆက်ဆံရေးက ကောင်းမွန်မှု မရှိသေးဘူးလို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ