၂၀၁၇ ဟာ ငြိမ်းချမ်းရေးနှစ် မဖြစ်နိုင်၊ ဗိုလ်ချုပ်ကြီးရွက်ဆစ်

  • 23 ဇူလိုင် 2017
ဓာတ်ပုံ မူပိုင် Irrawaddy
Image caption ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်

၂၀၁၇ ခုနှစ်ဟာ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မျှော်မှန်းထားသလို ငြိမ်းချမ်းရေးနှစ် မဖြစ်နိုင်တော့ဘူးလို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း RCSS/SSA ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကပြောလိုက်ပါတယ်။

အစိုးရ တပ်မတော်အနေနဲ့ NCA စာချုပ်ကို လိုက်နာမှုအားနည်းတယ်လို့ ဝေဖန်ပါတယ်။

ရှမ်းပါတီတွေ၊ ရှမ်းလက်နက်ကိုင်အဖွဲ့တွေ အပြင် ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်တဲ့ CSSU ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေး ကျင်းပဖို့ အတားမြစ်ခံခရပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ကြီးရွက်ဆစ်ကပြောလိုက်တာဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရွက်ဆစ်ခေါင်းဆောင်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့ အဖွဲ့ ၈ ဖွဲ့ အနက် တဖွဲ့ဖြစ်ပေမယ့် တိုက်ပွဲတွေ ရံဖန်ရံခါ ပြန်လည်ဖြစ်ပွားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ