ရှမ်းနဲ့ မွန် ပါတီဝင်တွေ ထုတ်တာ မဟုတ်သေးလို့ ဦးဝင်းထိန်ပြော

  • 24 ဇူလိုင် 2017
Image caption NLD ပါတီဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်

မကြာသေးခင်ရက်ပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို ့က NLD မြို့နယ်အလုပ်အမှုဆောင်အချို့နဲ့ မွန် ပြည်နယ် ချောင်းဆုံမြို့က NLD ပါတီ အလုပ်အမှုဆောင်အချို ့ကို ပါတီကထုတ်လိုက်ပြီဆိုတဲ့ သတင်းဟာမဟုတ်ဘူး လို့ ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးမှာ ဦးဝင်းထိန်ကအခုလိုပြောဆိုခဲ့တာပါ။

အဲ့ဒီအစည်းအဝေးမှာ ရှမ်းပြည်နယ်နဲ့ မွန်ပြည်နယ်က ပါတီဝင်အချို့ကို ထုတ်လိုက် တယ်လို့ ပြောဆို ရေးသား နေတာဟာ မဟုတ်ကြောင်းနဲ ့ဒီကိစ္စကို စုံစမ်းမှုတွေလုပ်ဖို့ရှိပြီး စုံစမ်းမှုအတွက် ပါတီဗဟိုအလုပ်အမှုဆောင်ဦးထွန်းထွန်းဟိန် ကို တာဝန်ပေးထားကြောင်းနဲ ့မကြာသေးခင်ရက်ပိုင်းက ပါတီကနှုတ်ထွက်သွားတယ်ဆိုတဲ့ မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကိစ္စကိုလည်း စိစစ်ပြီးမှ ရွေးကောက်ပွဲကော်မရှင်ကို တင်ပြသွားမယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။

NLD ပါတီအနေနဲ ့ရွေးကောက်ပွဲအနိုင်ရပြီးတဲ့ နောက်ပိုင်းအစိုးရအဖွဲ ့နဲ့ လွှတ်တော်အကြား၊ အစိုးရအဖွဲ ့နဲ့ ပါတီ ဝင်တွေအကြား အဆင်မပြေတာတွေ စိတ်သဘောထားကွဲလွဲမှု တွေရှိနေတယ်လို ဝေဖန်မှုတွေရှိနေပါတယ်။

ဒါဟာ ပါတီတွင်းမှာ ထိန်းချုပ်ရမဲ့သူတွေကိုယ်တိုင်က အုပ်စုဖွဲ့တာတွေရှိနေပြီး အဓိကအနေနဲ့ တာဝန်ကို ရာထူးလို့ သတ်မှတ်ပြီး တိုက်ကြခိုက်ကြရင်း ၊ အုပ်စုဖွဲ့ကြရင်း လူကွဲကုန်တာလို့ ရှမ်းပြည်နယ် NLD ပါတီက အလုပ်အမှုဆောင် တစ်ဦးဖြစ်သလိုစုံစမ်းစစ်ဆေးမှုခံရမဲ့ ဒေါ်မြမြင့်ဇူက ဘီဘီစီကိုပြောပါတယ်။

ပြည်နယ်တိုင်းဒေသကြီးတွေမှာ NLD အစိုးရအဖွဲ့နဲ့ NLD လွှတ်တော် ကြားအဆင်မပြေမှုတွေ ပွတ်တိုက်မှုတွေရှိတဲ့ အတွက်ပါတီခေါင်းဆောင်တွေကိုယ်တိုင် ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကိုဆင်းပြီလိုက်လံ ဖြေရှင်းနေရတာ တွေလည်းရှိနေတယ်လို့ သိရပါတယ်။